ခီမောင်နှံရဲ့ Fan တွေအတွက် သတင်းကောင်းလေး လာပါပြီ

Mudras Calling

သရုပ်ဆောင်ပိုင်းမှာရော အဆို၊ အက ပိုင်းမှာပါ အနုပညာမျိုးစုံကျွမ်းကျင်တဲ့ ခီ မောင်နှံအတွက် ၂၀၁၈ ဆိုတာ သူတို့နှစ်ဦးရဲ့ ကိုယ်ပိုင်နှစ်လားလို့ မေးရလောက်အောင်ကို အောင်မြင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားနဲ့ အောင်မြင်ပြီးနောက်ပိုင်း မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားနဲ့ ဆက်လက်အောင်မြင်နေဆဲဖြစ်ပါတယ်။ ဒီ မုဒြာရဲ့ ခေါ်သံ ဟာ မြန်မာနိုင်ငံမှာ

ရုံမတင်ခင်ကတည်းက နိုင်ငံပေါင်းများစွာရဲ့ ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေမြောက်မြားစွာရရှိသိမ်းပိုက်ထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ မကြာသေးခင်က စင်ကာပူနိုင်ငံမှာလည်း တရားဝင်ပြသခဲ့ပြီးဖြစ်ပါတယ်။ 

Related Article  >>> မုဒြာရဲ့ ခေါ်သံ ကြည့်ရတာ မမိုက်ပါဘူးဗျာ

အခုချိန်မှာတော့ အမေရိကန်နိုင်ငံ Indiana ပြည်နယ် Fort Wayne မြို့နယ်မှာ ကျင်းပမယ့် Hobnobben Film Festival မှာ မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကို ရွေးချယ်ကြောင်း အကြောင်းကြားခံရပြီး ထိုရုပ်ရှင်ပွဲတော်ကိုတော့ ဇွန်လ ၇ ရက်မှ ၁၀ ရက်နေ့အထိ ကျင်းပပေးသွားမှာဖြစ်ပြီး ပြသမယ့်ရက်တွေကို ထပ်မံကြေညာပေးသွားမယ်လို့လည်း ပြောကြားထားပါသေးတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *