ဂျပန်-မြန်မာ ချစ်ကြည်ရေးအတွက် ရိုက်ကူးထားတဲ့ “ဇာတိမြေ”

၂၀၁၇ ခုနှစ်ကတည်းက စတင်ရိုက်ကူးခဲ့တဲ့ ဇာတိမြေ ရုပ်ရှင်ဇာတ်ကားကြီးကို အခု ၂၂.၂.၂၀၁၈ (ကြာသပတေးနေ့) မှာ ဆိုရင်တော့ Premier show ကို သမ္မတရုပ်ရှင်ရုံကြီးမှာ အကြိုပြသတော့မှာဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ အဓိကပါဝင်တဲ့ ထပ်ဆင့်အကယ်ဒမီ ရန်အောင်၊ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်၊ အောင်ရဲလင်း နဲ့ ဂျပန်နိုင်ငံမှ မြန်မာသရုပ်ဆောင် J-pop အဆိုတော် မိုရီဆာကီဝင်း တို့လည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးပုံဖော်ထားတဲ့ ဒါရိုက်တာကတော့ ကြည်ဖြူသျှင် ဖြစ်ပြီး ဂျပန်-မြန်မာ ချစ်ကြည်ရေးရည်ရွယ်ချက်အတွက် ရိုက်ကူးထားတာဖြစ်တဲ့ ရုပ်ရှင်တစ်ကားဖြစ်တာကြောင့် ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ အဓိကနေရာဒေသတွေရဲ့ အလှအပတွေကို ပေါ်လွင်အောင် ရိုက်ကူးပြသထားတဲ့ ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ်။

ဂျပန်-မြန်မာချစ်ကြည်ရေးဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်

ဂျပန်နိုင်ငံရဲ့ အလှအပနဲ့ အဓိကနေရာဒေသတွေအပြင် မြန်မာနိုင်ငံရဲ့ လှပတဲ့ဒေသတွေကို ကမ္လာကမြင်တွေ့နိုင်အောင် ချပြရိုက်ကူးထားတာကြောင့် ကြည့်သင့်တဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူးနော်။

Source : https://www.facebook.com/pg/My-Country-My-Home-ဇာတိမြေ

Leave a Reply

Your email address will not be published. Required fields are marked *