`Netflix´ ကနေထုတ်လွှင့်ပြသမယ့် `Busted´ Variety Show အသစ်ရဲ့ Release Date ထွက်လာ

American Entertainment Company တစ်ခုဖြစ်တဲ့ `Netflix´ ကနေထုတ်လွှင့်ပြသမယ့် `Busted´ Variety Show ရဲ့ Release Date လေးထွက်လာပါပြီ။ ကာလကြာမြင့်စွာစောင့်ဆိုင်းခဲ့ရတဲ့ ဒီ Variety Show အသစ်လေးကို မေလ၄ရက်နေ့မှာစတင်ထုတ်လွှင့်ပြသသွားမယ်လို့သိရပါတယ်။

၂၀၁၇ ထဲကစတင်ပုံဖော်ဖန်တီးလာခဲ့တဲ့ `Busted´ အမည်ရတဲ့ Variety Show လေးဟာဆိုရင်တော့ဖြင့် ယခင်ကတခါမှရိုက်ကူးခြင်းမရှိတဲ့ ပုံစံလေးနဲ့ပရိတ်သတ်ကြီးရှေ့ရောက်ရှိလာမှာပဲဖြစ်ပါတယ်။ ဒီ Show လေးမှာဆိုရင် `Running Man´ အဖွဲ့ဝင်တွေဖြစ်တဲ့ Yoo Jae Suk နဲ့ Lee Kwang Soo, Ahn Jae Wook, Kim Jong Min, Park Min Young, နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် `Exo´ အဖွဲ့ဝင် Sehun နဲ့အတူ `Gugudan´ ရဲ့ Kim Sejeong တို့က Main Cast တွေအဖြစ်ပါဝင်ရိုက်ကူးကြမှာပဲဖြစ်ပါတယ်။

`Busted´ ကတော့ တောင်ကိုရီးယားနိုင်ငံမှာရိုက်ကူးထုတ်လွှင့်နေတဲ့ Variety Show တွေလိုမဟုတ်ဘဲ လျှို့ဝှက်သည်းဖိုဆန်ဆန် စုံထောက်ဇာတ်လမ်းလေးအသွင်ဖန်တီးထားတဲ့ Show လေးတစ်ခုပါ။ ဒီ Show လေးက Member တွေရဲ့ မတူညီကွဲပြားကြတဲ့ စွမ်းဆောင်ရည်၊ အားနည်းချက်နဲ့ အားသာချက်တွေကိုအသုံးချပြီး လျှို့ဝှက်နက်နဲတဲ့ ပြဿနာတွေကို ဖော်ထုတ်အဖြေရှာရမှာပဲဖြစ်ပါတယ်။ မျှော်လင့်မထားတဲ့အဆုံးသတ်လေးတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းအောင် ရိုက်ကူးထားတဲ့ Variety Show လေးပါနော်။

ဒီ Program ကိုရိုက်ကူးပုံဖော်ထားတဲ့ PD တွေကတော့ Jang Hyuk Jae, Jo Hyo Jin, Kim Joo Hyung တို့ပါတဲ့ရှင်။ သူတို့တွေက တောင်ကိုရီးယားနိုင်ငံရဲ့ အရမ်းကိုလူသိများပြီး ပရိတ်သတ်တွေများတဲ့ `X-Man´, `Running Man´ နဲ့ `Family Outing´ Variety Show တွေကိုရိုက်ကူးပုံဖော်ကြတဲ့ PD အကောင်းစားလေးတွေဆိုလည်းမမှားပါဘူးနော်။ `Busted´ Show လေးကို တစ်ပတ်မှာ နှစ်ပိုင်းနှုန်းနဲ့ အချိန်ကာလ ၅ပတ်အကြာထုတ်လွှင့်ပြသသွားမယ်လို့သိရပါတယ်။

Variety Show တွေကိုမှချစ်တဲ့ ပရိတ်သတ်ကြီးရေ မေလ၄ရက်နေ့မှာ စောင့်ကြည့်ဖို့မမေ့ကြနဲ့ဦးနော်။ ကိုယ်ကတော့ ရင်တွေတောင်ခုန်တယ်….💛

Source :

Leave a Reply

Your email address will not be published. Required fields are marked *