ဧရာမ Joker စက်ရုပ်ကြီး၊ ဆူမို Bane ၊ နင်ဂျာ Batman တို့ပါဝင်တဲ့ ‘Batman Ninja’ Anime Movie ရဲ့ Trailer အသစ်

Warner Bros, Japan ရဲ့ Batman Ninja ရုပ်ရှင်ရဲ့ trailer ကတော့ အမှန်အကန်ကိုလန်းလွန်းပါတယ်။ Katana တစ်ကားကားနဲ့ Batman ကြီးကိုမြင်ရတာကိုက ရယ်လည်းရယ်ချင်မိသလို စိတ်ထဲမှာလည်း ကြိတ်ပြီးသဘောကျမိစေပါတယ်။

 

Warner Bros က ဒီရုပ်ရှင်အကြောင်းကို ၂၀၁၇ အောက်တိုဘာတုန်းက ကြေညာခဲ့ပြီး ဒီဇင်ဘာတုန်းက ပထမဆုံး trailer ထုတ်ပေးခဲ့ပါတယ်။ ပထမဆုံး trailer ကတော့ ဂျပန်ဘာသာစကားနဲ့ပါ။ ဒီနေ့မှာတော့ အင်္ဂလိပ်ဘာသာစကားနဲ့ ဒုတိယမြောက် trailer ကိုထုတ်ပေးခဲ့ပြီး ပထမ trailer မှာမပါဝင်တဲ့ footage အသစ်တွေထည့်သွင်းပေးထားခဲ့ပါတယ်။

 

ဒီ Anime ရုပ်ရှင်ကို ရှိုဂန်တွေကြီးစိုးတဲ့ Feudal ခေတ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ Batman နဲ့သူ့ရဲ့အပေါင်းအပါတွေရော ရန်သူတွေပါ Gorilla Grodd ရဲ့ အချိန်ခရီးသွားစက်လက်ချက်နဲ့ မျက်မှောက်ခေတ်ကနေ အဲဒီခေတ်ကိုရောက်ရှိသွားကြတာဖြစ်ပါတယ်။ အဲဒီလို အချိန်ခရီးသွားလိုက်တဲ့အတွက် Batman ရဲ့ စီးတော်ယာဉ်လက်နက်တွေဖြစ်တဲ့ Batmobile, Batwing, Batcycle တွေအားလုံးက သုံးစားမရဖြစ်သွားပါတော့တယ်။ အဲဒီတော့ Fedual Lords တွေအဖြစ်နဲ့ရှိနေတဲ့ Joker အပါအဝင် လူဆိုးတွေအားလုံးကို နှိမ်နင်းဖို့က သူ့ရဲ့ပင်ကိုယ်ဉာဏ်နဲ့ စွမ်းအားကိုပဲ အားကိုးရတော့မှာဖြစ်ပါတယ်။

 

ဒီရုပ်ရှင်ကို ဖန်တီးထားသူတွေကလည်း anime industry ထဲက ထိပ်ထိပ်ကြဲတွေပါပဲ။ Character Design ပိုင်းကို Afro Samurai ရေးသားခဲ့သူ Okazaki Takashi က ဖန်တီးပေးထားတာဖြစ်ပြီး ဇာတ်ညွှန်းကို Gurren Lagann နဲ့ Kill la Kill တို့ရဲ့ ဇာတ်ညွှန်းတွေကိုရေးသားပေးခဲ့သူ Nakashima Kazuki က ရေးသားပေးထားတာဖြစ်ပါတယ်။ အသုံးပြုထားတဲ့သီချင်းသံစဉ်တွေ၊ နောက်ခံတီးလုံးတွေကို Psycho Pass နဲ့ JoJo’s Bizarre Adventure တို့ရဲ့ သီချင်းတွေကိုရေးစပ်ပေးခဲ့တဲ့ Kanno Yugo က တာဝန်ယူဖန်တီးပေးထားပါတယ်။ ပြီးတော့ ဒါရိုက်တာအဖြစ် JoJo’s Bizarre Adventure ရဲ့ အဖွင့်အခန်းတွေကို ရိုက်ကူးပေးခဲ့တဲ့ Mizusaki Jumpei တာဝန်ယူရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အဲဒီတော့ production quality ပိုင်းက အမှန်အကန်လန်းမယ်ဆိုတာ မေးခွန်းတောင်ထုတ်စရာမလိုပါဘူး။ တကယ်လန်းမလန်းဆိုတာကိုလည်း အောက်မှာဖော်ပြထားတဲ့ trailer မှာ ကိုယ်တိုင်ကြည့်ရှုအကဲဖြတ်နိုင်ပါတယ်။

 

 

Trailer မှာမြင်ရသမျှကတော့ အကုန်လုံးအလန်းတွေချည်းပါပဲ။ Batman တစ်ယောက် Samurai ချပ်ကာကြီးဝတ်ပြီး Katana ကြီးနဲ့လိုက်ရမ်းနေတာတွေ၊ Fedual ခေတ်အသွင်နဲ့ Bat Family ၊ ဧရာမစက်ရုပ်ကြီးဖြစ်သွားတဲ့ Joker ၊ Sumo အသွင်နဲ့ Bane.. မြင်သမျှအားလုံး အဆန်းတွေချည်းပါပဲ။ ပြီးတော့ ဂျပန်ဗားရှင်းက Joker ရဲ့အသံကတော့ လုံးဝကို အပျံစားပါပဲ.. ကြားဖူးသမျှ Joker အသံတွေထဲမှာ အကောင်းဆုံးမဟုတ်ရင်တောင် ထိပ်ဆုံးနားမှာ သေချာပေါက်ပါဝင်ပါတယ်။ အချို့သူတွေကတော့ Batman Ninja လို့လည်းဆိုသေး Samuria လိုချနေတယ်လို့ ထောက်ပြကြပေမယ့် trailer ရဲ့အဆုံးနားလေးမှာ Batman က Ninja Hand Sign တွေလုပ်ပြထားတဲ့အတွက် တစ်ခုခုတော့ တစ်ခုခုပါပဲ.. Naruto လို့ Chakara နဲ့တီးပြလောက်မှာမဟုတ်ပေမယ့် Ninjutsu သုံးမယ်လို့တော့ ယူဆလို့ရပါတယ်။

 

အောက်မှာတော့ Batman Ninja ရဲ့ပထမ trailer ကို တစ်ပါတည်းဖော်ပြပေးလိုက်ပါတယ်။ Trailer ၂ ခုလုံးက မတူညီကြတာမို့ ၂ ခုလုံးကို ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ Batman Ninja ကို ၂၀၁၈ ဧပြီ ၂၄ မှာ Digital Release ၊ မေ ၈ မှာ Physical Release အနေနဲ့ ထုတ်ဝေသွားမှာဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *