ဇာတ်လမ်းတွဲသစ် ရိုက်ကူးသွားတော့မယ့် Park Bo Young

ချစ်စရာအရမ်းကောင်းတဲ့ ကိုရီးယားမင်းသမီးချောလေး Park Bo Young ကို Strong Woman Do Bong Soon ပြီးသွားကတည်းက ရုပ်သံဇာတ်လမ်းတွဲတွေမှာ မမြင်တွေ့ရတာ နည်းနည်းလေး ကြာသွားခဲ့ပါပြီ။ ဒါပေမယ့် မကြာခင်မှာတော့ Park Bo Young ရဲ့ ဇာတ်လမ်းတွဲသစ်တစ်ခုကို ကြည့်ရှုခံစားရတော့မှာဖြစ်တယ်လို့ သိရှိထားရပါတယ်။
မင်းသမီးလေး Park Bo Young ဟာ tvN ရုပ်သံလိုင်းကနေ ရိုက်ကူးတင်ဆက်ပြသသွားမယ့် Abyss ဇာတ်လမ်းတွဲထဲမှာ ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်သွားတော့မှာဖြစ်တယ်လို့ သြဂုတ်လ ၁၆ရက်နေ့မှာပဲ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ Abyss ဇာတ်လမ်းတွဲကတော့ အရမ်းကို ချောမောလှပလွန်းတဲ့ တရားလိုရှေ့နေ့ အမျိုးသမီးတစ်ဦးနဲ့ ဆွဲဆောင်မှုလုံးဝမရှိတဲ့ အမျိုးသားတစ်ဦးတို့ အရမ်းကိုနက်စောက်လွန်းတဲ့ ချောက်ကြီးတစ်ခုထဲကနေ မတူကွဲပြားတဲ့ပုံစံနဲ့ ပြန်လည်အသက်ဝင်လာပြီးနောက် သူတို့ဘဝတွေပါ အပြောင်းအလဲဖြစ်လာတဲ့အကြောင်းကို အခြေံထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မင်းသမီး Park Bo Young ကတော့ ဒီဇာတ်လမ်းတွဲမှာ သူမရဲ့ ပြန်လည်အသက်ဝင်လာမှုရဲ့နောက်ကွယ်က အမှန်တရားကို ရှာဖွေရင်းနဲ့ အချစ်စစ်ကိုပါ ရှာတွေ့သွားခဲ့တဲ့ တရားလိုရှေ့နေမလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဇာတ်လမ်းတွဲမှာ ပါဝင်ဖြစ်သွားရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး Park Bo Young က “ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းကို ဖတ်ပြီးသွားချင်းမှာပဲ ဒီဇာတ်လမ်းတွဲက အရင်ကျွန်မသရုပ်ဆောင်ခဲ့တာနဲ့ ကွဲပြားနေပြီး ချစ်စရာကောင်းတဲ့ ဇာတ်ရုပ်နေရာကနေ ပါဝင်သွားရမှာဖြစ်လို့ လက်ခံလိုက်တာပါ” ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။
Abyss ဇာတ်လမ်းတွဲမှာ ပါဝင်သွားမယ့် Park Bo Young နဲ့အတူ သရုပ်ဆောင်သွားမယ့် ဇာတ်ဆောင်မင်းသားနေရာကတော့ ဆက်လက်ရွေးချယ်နေဆဲသာရှိသေးတယ်လို့ သိရပါတယ်။ လာမယ့်သြဂုတ်လ ၂၂ရက်နေ့မှာတော့ မင်းသမီးချောလေး Park Bo Young နဲ့ Kim Young Kwang တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ On Your Wedding Day အချစ်ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသသွားတော့မှာပဲ ဖြစ်ပါတယ်ခင်ဗျာ။
Source >>> Soompi
Leave a Reply