ဒိတ်ဒိတ်ကြဲ မင်းသားမင်းသမီးတွေ ပါဝင်သရုပ်ဆောင်မယ့် ‘Be With You’ ဆိုတဲ့ Drama အသစ်လေးအကြောင်း

Be With You

မတ်လ ၁၄ ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသမယ့် ‘Be With You‘/’I’m On My Way To Meet You‘ ဇာတ်ကားအသစ်လေးမှာ မင်းသားချောတွေဖြစ်ကြတဲ့ So Ji Sub (The Battleship Island, Oh My Venus), Park Seo Joon (Midnight Runners) နဲ့ မင်းသမီးအချောအလှလေးတွေဖြစ်တဲ့ Son Ye Jin (The Classic, Personal Taste), Gong Hyo Jin (The Producers) တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားလေးမှာ So Ji Sub နဲ့ Son Ye Jin တို့က အဓိကဇာတ်ကောင်နေရာမှ ပါဝင်ထားပါတယ်။

 

သူတို့နှစ်ဦးကတော့ သူငယ်ချင်းတွေဆိုလည်းမမှားပါဘူး။ လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက ‘Delicious Proposal‘ ဆိုတဲ့ ဇာတ်ကားလေးမှာ မောင်နှမတွေနေရာမှ ပါဝင်သရုပ်ဆောင်ပြီး နောက်ပိုင်းခင်မင်ရင်းနှီးခဲ့ကြတာပါ။ ခုသူတို့နှစ်ဦးဟာ ၁၇ နှစ်ကြာပြီးမှ နှစ်ယောက်အတူ ဒီ Romance Drama မှာပါဝင်သရုပ်ဆောင်ရတဲ့ သူတို့ရဲ့ စိတ်ခံစားချက်လေးတွေကို Naver’s V Live အစီစဉ်မှာဖြေကြားခဲ့ပါတယ်။

 

Be With You

 

So Ji Sub က “သူနဲ့အတူသရုပ်ဆောင်ရမယ့်သူက Son Ye Jin ဆိုတာသိလိုက်ရတဲ့အခါမှာ သူအရမ်းကိုစိတ်လှုပ်ရှားခဲ့ပြီး အကောင်းဆုံးလုပ်နိုင်မယ်ဆိုတာကိုသူကြိုသိနိုင်ခဲ့ပါတယ်” ဆိုပြီးဖြေကြားခဲ့ပါတယ်။ Son Ye Jin ကလည်း “So Ji Sub နဲ့အတူတူအလုပ်လုပ်ရတာ အရမ်းကိုအဆင်ပြေပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကိုဖတ်ရတဲ့အချိန်မှာ သူမစိတ်လှုပ်ရှားပြီး သူမရဲ့ငယ်ဘဝကိုပြန်ပြီးရောက်သွားသလိုခံစားရပါတယ်” လို့ပြောပြခဲ့ပါတယ်။ ဒါရိုက်တာ Lee Chang Hoon ကလည်း “သူတို့နှစ်ယောက်က အရမ်းအတွဲညီတဲ့ partner တွေပါ။ သူတို့ရဲ့ အိပ်မက်ဆန်ဆန်သရုပ်ဆောင်မှုတွေကိုပရိသတ်ကြီးမြင်ရမှာပါ။ ရိုက်ကူးရေးကာလမှာလည်း သူတို့တွေကိုကြည့်ရတာအရမ်းကိုပျော်ရွှင်ရပါတယ်” ဆိုပြီးသူ့ရဲ့ခံစားချက်လေးကို ပြောပြထားခဲ့ပါတယ်။

 

Be With You

 

ဒီဇာတ်ကားလေးမှာ နောက်ထပ်ပါဝင်တဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Park Seo Joon နဲ့ Gong Hyo Jin တို့ကလည်း သူတို့ဒီဇာတ်ကားအပေါ်မှာ ခံစားရတဲ့ Feeling လေးတွေကိုမျှဝေပေးထားပါတယ်။ Gong Hyo Jin က “ဒီ Drama မှာ သူမကဧည့်သည်သရုပ်ဆောင်နေရာကနေပဲ ပါဝင်သရုပ်ဆောင်မှာပါ၊ သူမ ဒီကာရိုက်တာကိုလက်ခံလိုက်တာ သူမရဲ့သူငယ်ချင်း Son Ye Jin ကြောင့်ပါ” လို့ပြောလာခဲ့ပါတယ်။ ဒါရိုက်တာ Lee Chang Hoon က “Park Seo Joon ဟာ လွန်ခဲ့တဲ့ နွေရာသီမှာ ထွက်ရှိခဲ့တဲ့ Midnight Runners ဆိုတဲ့ Movie မှာ သူအောင်မြင်မှုတွေအများကြီးရရှိခဲ့ပါတယ်။ ခုအသစ်ထုတ်လွှင့်မယ့် Drama လေးမှာတော့ သူ့ကို ထူးထူးခြားခြားသရုပ်ဆောင်ခွင့်ရမယ့်နေရာတစ်ခုအတွက် ရွေးချယ်ခဲ့ပါတယ်” လို့ဆိုလာပါတယ်။

 

Be With You

 

ဒီဇာတ်ကားလေးကတော့ ဂျပန်ဝတ္ထုကိုအခြေခံထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ ဒီဇာတ်ကားက သေဆုံးသွားပြီးတစ်နှစ်အကြာမှာ သားနဲ့ ယောက်ျား တို့ရဲ့အကြောင်းကို တစ်ခုတစ်လေမှမှတ်မိခြင်းမရှိဘဲ သူမ မသေဆုံးခင်က သူမယောက်ျားကို ကတိပေးထားတဲ့အတိုင်း ပြန်လာခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့အကြောင်းလေးကို စိတ်ကူးယဉ်ဆန်ဆန် အိပ်မက်ဆန်ဆန်ရိုက်ကူးထားတာပါ။ လာမယ့် မတ်လ ၁၄ ရက်နေ့မှာ ဒီဇာတ်ကားလေးကို မလွတ်တမ်း စောင့်မျှော်အားပေးလိုက်ပါဦးနော်။ ဘယ်လိုရင်ခုန်စရာဇာတ်ကွက်လေးတွေ သယ်ဆောင်လာမယ်ဆိုတာကို Drama ချစ်ပရိသတ်တွေနဲ့အတူ ထပ်တူစိတ်လှုပ်ရှားနေမိပါတယ်….။ 😊

 

Ref: (1), (2)

Leave a Reply

Your email address will not be published. Required fields are marked *