အသစ်ထွက်ရှိလာတဲ့ ‘Ant-Man And The Wasp’ ဇာတ်ကားရဲ့ဓာတ်ပုံ

Disney က ဒီနှစ်ထဲမှာပြသမယ့် Ant-Man And The Wasp ရုပ်ရှင်နဲ့ပတ်သက်တဲ့ ပုံအသစ်စက်စက်တစ်ပုံကိုထုတ်ပြန်လိုက်ပါတယ်။ ဒီနေ့မနက်ကထုတ်ပြန်ခဲ့တဲ့အဲဒီပုံမှာ Ant Man နဲ့ Wasp တို့ကိုယှဉ်တွဲမြင်တွေ့ရမှာဖြစ်ပြီးတော့ ဒါဟာ ပထမဦးဆုံးအကြိမ် Hope ကို Wasp ဝတ်စုံအပြည့်အစုံနဲ့မြင်တွေ့ရတာဖြစ်ပါတယ်။

 

ဒီဇာတ်ကားမှာဆိုရင် Scott Lang ဟာ Captain America: Civil War ထဲကအဖြစ်အပျက်တွေပြီးဆုံးသွားပြီးနောက်မှာတော့ သူ့ရဲ့ Ant Man တာဝန်နဲ့ ဖခင်တစ်ယောက်ရဲ့တာဝန်တွေကြားထဲမှာလုံးပန်းနေခဲ့ပါတယ်။ အဲဒီလိုအချိန်မှာ Hope van Dyne နဲ့ Dr. Hank Pym တို့က သူ့ဆီကို အရေးကြီး mission တစ်ခုနဲ့အတူ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ Ant Man ဝတ်စုံကိုဝတ်ဆင်၊ Wasp နဲ့အတူလက်တွဲပြီး အတိတ်ကလျှို့ဝှက်ချက်တွေကိုဖော်ထုတ်နိုင်ဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Ant Man နဲ့ Wasp တို့ကြားက အချစ်ဇာတ်လမ်းကိုပါကြည့်ရှုခံစားရမယ့် Superhero နဲ့ အချစ်ဟာသတွေပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Courtesy of Marvel

ဒီဇာတ်ကားမှာ ပထမဇာတ်ကားထဲကအတိုင်းပဲ Scott Lang/Ant Man အဖြစ် Paul Rudd ၊ Hope van Dyne/Wasp အဖြစ် Evangeline Lily တို့က ပြန်လည်သရုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။ မကြာမီထွက်ရှိမယ့်အခြား MCU ဇာတ်ကားတွေဖြစ်တဲ့ Black Panther နဲ့ Avengers: Infinity War တို့ကိုအရမ်းအာရုံစိုက်ပြီး ဒီဇာတ်ကားအကြောင်းမေ့မသွားကြပါနဲ့ဦး။ Ant Man And The Wasp ကို ဒီနှစ် ဇူလိုင်လ ၆ ရက်နေ့မှာ စတင်ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *