Nicolas Cage ကြီး သူ့သားသမီးတွေကိုလိုက်သတ်တာ ကြည့်ရမယ့် ‘Mom and Dad’ – Trailer ထွက်ပြီ

မိဘဆိုတာ ကိုယ့်ရဲ့ရင်သွေးတွေကို အသက်နဲ့ထပ်တူချစ်ကြတယ်ဆိုတာ သဘာဝပါပဲ။ သဘောအနေနဲ့ အဲဒါကိုပြောင်းပြန်လှန်ပြီး တွေးကြည့်လိုက်ပါလား၊ ကိုယ့်ကိုကျွေးမွေးပြုစုလာတဲ့ အဖေနဲ့အမေက ကိုယ့်ကိုအသေရရအရှင်ရရလိုက်သတ်တယ်ဆိုပြီးတော့။ အဲဒီလို ဗြောင်းဆန်နေတဲ့ plot ကိုအသုံးပြုထားတဲ့ဇာတ်ကားကတော့ Mom and Dad လို့အမည်ရပါတယ်။ ၂၀၁၇ စက်တင်ဘာလတုန်းက Toronto International Film Festival မှာ Premier လုပ်ခဲ့တဲ့ဒီဇာတ်ကားရဲ့ ပထမဦးဆုံး Trailer ထွက်ရှိလို့လာပြီဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ဆယ်ကျော်သက်အရွယ်ကလေးငယ်တွေက ဇစ်မြစ်မသိရတဲ့အကြောင်းတစ်ခုကြောင့် စိတ်ရိုင်းဝင်ပြီး ကိုယ့်ရင်သွေးတွေကိုလိုက်သတ်ကြတဲ့မိဘတွေရဲ့လက်ထဲက လွတ်မြောက်အောင်ထွက်ပြေးကြရမှာပါ။ မင်းသားကြီး Nicolas Cage နဲ့ မင်းသမီး Selma Blair တို့ဦးဆောင်ပါဝင်ထားတဲ့ဒီ Horror ဇာတ်ကားဟာ လက်ရှိအချိန်မှာ Metacritic ရမှတ် ၇၁ မှတ်ရရှိထားတာမို့ မဆိုးလှဘူးလို့ဆိုရမှာပါ။ ဝုန်းဒိုင်းကြဲနေတဲ့ Horror ဇာတ်ကားမျိုးနှစ်သက်တတ်သူတွေကတော့ ဒီဇာတ်ကားရုံတင်မယ့် ၂၀၁၈ ဇန်နဝါရီ ၁၈ ရက်နေ့ကို လက်ချိုးရေတွက်နေကြဖို့ အကြံပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *