ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာအရှိန်အဟုန် ကြီးမားကြောင်းသိသွားပြီဆိုတဲ့ ဆရာဝန်ဒါရိုက်တာ ထူးပိုင်ဇော်ဦး

လူငယ်တွေရဲ့ အားပေးမှုကို အပြည့်အဝသိမ်းပိုက်ထားတဲ့ ဆရာဝန်လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦး ကတော့ ပထမဆုံးအကြိမ်ဖန်တီးရိုက်ကူးထားတဲ့ “ည” ရုပ်ရှင်ကို ပရိသတ်တောင်းဆိုမှုများသောကြောင့် ဒုတိယအကြိမ် ပြန်လည်ရုံတင်ခွင့် ရရှိခဲ့ပါပြီ။ “ည” ရုပ်ရှင်ကိုတော့ ၂၀၁၇ နှစ်မှာ ရုံတင်ခဲ့ပြီး ယခု ၂၀၁၈ ခုနှစ်မှာတော့ ပရိသတ်အများစုရဲ့ ထင်မှတ်မထားလောက်တဲ့ တောင်းဆိုမှုကြောင့် ဒုတိယအကြိမ် 

JCGV အဆင့်မြင့်ရုပ်ရှင်ရုံများမှာ ဆက်လက်ရုံတင်ပေးသွားမှာဖြစ်ပါတယ်။ 

ညရုပ်ရှင်ကို ကြည့်ဖူးသူပရိသတ်အများစုကတော့ ၂၀၁၈ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အကယ်ဒမီဆုပေးပွဲမှာ ဇကာတင်စာရင်းတောင် မပါဝင်ခဲ့တဲ့အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီရွေးချယ်မှုကိုတောင် ရှုံ့ချခဲ့တာကို အားလုံးမြင်တွေ့ကြပြီး ဖြစ်မှာပါ။

ဒါရိုက်တာ ထူးပိုင်ဇော်ဦးကတော့ အကယ်ဒမီပေးပွဲအပြီးမှာ ထင်မှတ်မထားလောက်တဲ့ ဝန်းရံများမှုကြောင့် အခုလို ပြန်လည်ရုံတင်ခွင့်ရတာကို ဖန်တီးသူတယောက်အနေနဲ့ ဝမ်းသာပီတိဖြစ်မှုက ပြောမပြတတ်လောက်အောင်ပါပဲ ဆိုပြီး သူရဲ့ Facebook စာမျက်နှာထက်မှာ ပြောကြားခဲ့ပါတယ်။

“ ည” ရုပ်ရှင်ရဲ့ ဖန်တီးမှု အရှိန်အဟုန်ကြီးမားပုံကတော့ နောက်တစ်ကြိမ်ပြန်လည်ရုံတင်ခွင့်ရခြင်းကကို သက်သေဖြစ်လို့ ၂၀၁၇ တုန်းက အကြောင်းကြောင်းကြောင့် မကြည့်လိုက်ရတဲ့ ပရိသတ်တွေလည်း ဆက်လက်အားပေးဖို့အတွက် JCGV အဆင့်မြင့်ရုပ်ရှင်ရုံများမှာ ဧပြီလ ၁၈ ရက်နေ့ (နှစ်ဆန်း ၂ရက်) ကနေ ဧပြီလ ၂၆ ရက်နေ့ထိ ရုံတင်ပေးသွားမှာဖြစ်လို့ ကြည့်ရှု့အားပေးဖို့ နှိုးဆော်အပ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *