ပရိသတ်တောင်းဆိုမှုကြောင့် ပြန်လည်အသက်ဝင်လာအုံးမယ့် “ည” ရုပ်ရှင်

မြန်မာ့ရုပ်ရှင်လောကကို လူငယ်သရုပ်ဆောင်သစ် ၁၀ဉီး နဲ့ သတ္တိရှိစွာထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ “ည” ရုပ်ရှင်ကိုတော့ အားလုံးသိကြလိမ့်မယ်လို့ ထင်ပါတယ်နော်။ လူငယ်ဒါရိုက်တာအသစ်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ထူးပိုင်ဇော်ဉီး မှ ရိုက်ကူးထားတာဖြစ်ပြီး Good Old Days Films မှ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ်မှာ စတင်ရုံတင်ပြသခဲ့ပြီး ပရိသတ်အခိုင်အမာရရှိခဲ့ “ည” ရုပ်ရှင်ကို ပရိသတ်များရဲ့ ပြန်လည်တောင်းဆိုမှု့ကြောင့် JCGV အဆင့်မြင့်ရုပ်ရှင်ရုံများမှာ ၂၀၁၈ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ (နှစ်ဆန်း ၂ရက်) ကနေ

ဧပြီလ ၂၆ ရက်နေ့ထိ ရုံတင်ပြသပေးသွားမှာအုံးမှာဖြစ်လို့ မကြည့်ရသေးသူတွေကို မဖြစ်မနေကြည့်ရှု့သင့်ကြောင်း တိုက်တွန်းပေးလိုပါတယ်။

ဇာတ်လမ်းပုံစံကတော့ အရမ်းချစ်ကြပါတယ်ဆိုတဲ့ သူငယ်ချင်းတစ်တွေ စိတ်ဝမ်းကွဲပြီး အခက်ခဲတွေကြုံလာခဲ့ကြရင် မိမိကိုယ်သာချစ်တဲ့အကြောင်းကို ဇာတ်လမ်းပုံစံဖန်တီးပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့အားသားချက်တွေကတော့ လျို့ဝှက်ချက်များစွာနဲ့ ပဟေဠိများစွာ ပြည့်နှက်နေပြီး ကြည့်ရှု့သူတွေကို ဇာတ်လမ်းပြီးဆုံးတဲ့ထိ စိတ်ဝင်စားအောင် ခေါ်ဆောင်ထားနိုင်တာပါ။ ပါဝင်သရုပ်ဆောင်ထားတဲ့ လူငယ်တွေဟာလည်း ဝါရင့်သရုပ်ဆောင်တွေကဲ့သို့ ပီပြင်လွန်းတာကြောင့် ဇာတ်လမ်းကို မထိခိုက်စေဘဲ ကြည့်ရှု့သူပရိသတ်တွေကို အနှာက်ယှက် လုံးဝမဖြစ်အောင် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ 

အကြောင်းကြောင်းကြောင့် မကြည့်လိုက်ရသူတွေရော၊ ဒီတခါတော့ ကြည့်မယ်လို့အားခဲထားတဲ့သူတွေအားလုံးပါ မဖြစ်မနေကြည့်သင့်ကြောင်း တိုက်တွန်းလိုပါတယ်။ ပြည်တွင်းဖြစ်ကို အားပေးပါဆိုတဲ့ စကားနဲ့တန်တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ မကြည့်လိုက်ရရင် နောင်တရမှာ သေချာတယ်လို့ ပြောကြားလိုပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *