All female cast နဲ့ Ocean’s 8 ရဲ့ပထမဆုံး Trailer

Ocean’s 11, 12 နဲ့ 13 ပြီးတော့ ဆက်ထွက်လာတာက Ocean’s 8 ဖြစ်ပါတယ်။ Ocean’s Trilogy ရဲ့ sequel/spin-off ဖြစ်တဲ့ Ocean’s 8 ဟာ နာမည်ကြီးအမျိုးသမီးသရုပ်ဆောင်တွေချည်းပဲအသုံးပြုထားပြီး ဒီသူခိုးအဖွဲ့ကိုဦးဆောင်မှာက Danny Ocean (George Clooney) ရဲ့ညီမဖြစ်သူ Debbie Ocean (Sandra Bullock) ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ Ocean အဖွဲ့သားတွေကို Sandra Bullock, Cate Blanchett, Anne Hathaway, Rihanna, Mindy Kaling, Awkwafina, Sarah Paulson နဲ့ Helena Bonham Carter တို့ကသရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

ဒီ Trailer အရဆိုရင် Ocean’s 8 ဟာ Ocean’s 11 နဲ့တော်တော်လေးဆင်တူပါတယ်။ Debbie Ocean ထောင်ကနေလွတ်လာတာဟာ Ocean’s 11 တုန်းက Danny Ocean ထောင်ကလွတ်လာတာနဲ့ဆင်တူပြီး ဇာတ်ကောင်တွေရဲ့ role တွေရော ဇာတ်လမ်းကျောရိုးကပါဆင်တူကြပါတယ်။ အဲဒီတော့ ဇာတ်လမ်းပိုင်းအရဆိုရင် အရှေ့ Ocean ဇာတ်ကားတွေကိုကြိုက်ရင် Ocean’s 8 ကိုမုန်းစရာအကြောင်းမရှိပါဘူး။ Ocean’s 8 ကို ၂၀၁၈ ဇွန်လ ၈ ရက်နေ့မှာ အမေရိကန်နိုင်ငံမှာရုံတင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *