Golden Globes ဆုပေးပွဲကို လှုပ်ခါသွားစေခဲ့တဲ့ Oprah Winfrey ရဲ့ Speech

ယမန်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ ၇၅ ကြိမ်မြောက်ရွှေကမ္ဘာလုံးဆုပေးပွဲရဲ့ အထင်ရှားဆုံး highlight ကိုညွှန်းပါဆိုရင် အများကြီးစဉ်းစားစရာမလိုပါဘူး.. Oprah Winfrey ကိုတန်းပြီးလက်ညွှိုးထိုးပြရုံပါပဲ။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ Cecil B. DeMille ဆုကိုလက်ခံရယူပြီးနောက်ပြောကြားခဲ့တဲ့ speech ဟာ ကမ္ဘာတစ်ဝန်းက အမျိုးသမီးထုရဲ့ရင်ထဲကို တန်းတန်းမတ်မတ်ကြီးရောက်ရှိသွားခဲ့တဲ့အတွက်ဖြစ်ပါတယ်။

အဆိုပါ speech ကို Winfrey က သူမငယ်စဉ်က ကြည့်ရှုအားကျခဲ့ရတဲ့ ၁၉၆၄ ခုနှစ်က အော်စကာဆုပေးပွဲအကြောင်းနဲ့အစချီခဲ့ပါတယ်။ အဆိုပါဆုပေးပွဲမှာ ရုပ်ရှင်မင်းသားကြီး Sidney Poitier က ပထမဦးဆုံးသော အော်စကာဆုပိုင်ရှင် လူမည်းအမျိုးသားဖြစ်လာခဲ့ပြီး အဲဒါဟာ သူမလိုမိန်းကလေးတစ်ဦးအတွက် စကားလုံးတွေနဲ့ဖော်ပြလို့မရတဲ့ စိတ်ခွန်အားကိုပေးခဲ့တယ်လို့ ဆက်လက်ပြောကြားသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဒီနောက်ပိုင်းမှာ လှုပ်ရှားမှုပြင်းထန်လာတဲ့ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကိုရှုပ်ချတဲ့ “Me Too” နဲ့ “Time’s Up” လှုပ်ရှားမှုတွေကိုရည်ရွယ်ပြီး အမျိုးသမီးတွေအနေနဲ့ သတ္တိမွေးပြီး မိမိတို့မတရားခံရတာတွေကို ထုတ်ဖော်ပြောကြားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ Winfrey က ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုရဲလာတဲ့အမျိုးသမီးတွေနဲ့ အဲဒါတွေကိုလေးလေးစားစားနားထောင်ပေးတဲ့အမျိုးသားတွေဟာ အနိုင်ကျင့်မှုတွေကင်းဝေးတဲ့ကမ္ဘာကြီးကို ပုံဖော်ပေးမယ့်သူတွေဖြစ်တယ်ဆိုတာနဲ့ သူမရဲ့ speech ကိုအဆုံးသတ်ထားခဲ့ပါတယ်။

Winfrey ရဲ့ အဆိုပါ inspirational speech အပြည့်အစုံကို အောက်ပါဗီဒီယိုမှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *