Rotten Tomatoes မှာ ရမှတ်အမြင့်ဆုံးရုပ်ရှင်အဖြစ်စံချိန်တင်သွားတဲ့ ‘Paddington 2’

ရုပ်ရှင်တစ်ကားကို ကြည့်သင့်မကြည့်သင့် ဆုံးဖြတ်တော့မယ်ဆိုရင် Rotten Tomatoes ဆိုတဲ့နာမည်က ခေါင်းထဲကိုအရင်ဆုံးရောက်လာတဲ့အထိ ဒီ review website ရဲ့လွှမ်းမိုးမှုကကြီးမားပါတယ်။ ဘယ်လောက်ထိတောင်လဲဆိုရင် ရုံတင်နေဆဲဇာတ်ကားတွေတောင် Rotten Tomatoes rating နည်းရင် ဝင်ငွေထိခိုက်ကြရတဲ့အထိဖြစ်ပါတယ်။ အဲဒီမှာ review လုပ်ကြတဲ့ critic တွေကလည်း စစ်စစ်ပေါက်ပေါက် ထောင့်စေ့အောင် ရေးသားကြတာဆိုတော့ rating အပျံစားမပြောနဲ့ တော်သင့်ရုံ rating တစ်ခုရဖို့တောင်မလွယ်လှပါဘူး။ အဲဒီလိုနေရာမျိုးမှာ Paddington 2 ဆိုတဲ့ဇာတ်ကားက website သက်တမ်းတစ်လျှောက် rating အမြင့်ဆုံးရရှိတဲ့ရုပ်ရှင်အဖြစ် စံချိန်တင်သွားခဲ့ပါ.. ၁၀၀% fresh rating နဲ့ဖြစ်ပါတယ်။

 

Paddington 2 ဟာ ဒီစာကိုရေးနေစဉ်မှာ critic review ပေါင်း ၁၆၉ ခုမှာ ၁၀၀% fresh rating ရရှိထားပါတယ်။ ယခင်စံချိန်တင်ခဲ့တဲ့ Lady Bird ရုပ်ရှင်ဟာဆိုရင် review ပေါင်း ၁၆၄ ခုအထိ ၁၀၀% fresh rating ရရှိခဲ့ပြီး အမှန်အကန်အောင်မြင်ခဲ့တဲ့ Toy Story 2 က fresh rating review ပေါင်း ၁၆၃ ခုရရှိခဲ့ပါတယ်။

 

Paddington 2 ဟာ အဲဒီလောက် rating ကောင်းမယ်ဆိုရင်လည်း ကောင်းချင်စရာပါပဲ။ အလွန်အောင်မြင်ခဲ့တဲ့ family movie တစ်ခုဖြစ်တဲ့ Paddington ရဲ့အနှစ်သာရအပြည့်အဝကို ဒီ sequel မှာဆက်လက်သယ်ဆောင်လာပြီး ဝက်ဝံလေး Paddington Brown ရဲ့ ချစ်စရာကောင်းမှုတွေကို နှစ်လိုဖွယ်ဟာသလေးတွေနဲ့ လှလှပပပေါင်းစပ်ပြသွားနိုင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက critic တွေကတော့ “နှစ်လိုဖွယ်ကောင်းပြီး မိသားစုဆန်တဲ့အပြင် အသက်အရွယ်မရွေးနှစ်သက်နိုင်မယ့် adventure ဇာတ်လမ်းကို လှပတဲ့ရုပ်ထွက်တွေနဲ့ပေါင်းစပ်ထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်” လို့ဆိုထားပါတယ်။

 

“Paddington 2 honors its star’s rich legacy with a sweet-natured sequel whose adorable visuals are matched by a story perfectly balanced between heartwarming family fare and purely enjoyable all-ages adventure.”Rotten Tomatoes

 

Leave a Reply

Your email address will not be published. Required fields are marked *