အယူဆအမှားတွေကို တွန်းလှန်သွားမယ့် Padman

အခုတခါ မိတ်ဆက်ပေးချင်တဲ့ ရုပ်ရှင်ကတော့ Pad Man လို့အမည်ရတဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားတစ်ကားဘဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသား Akshay Kumar ကပါဝင် သရုပ်ဆောင်ထားပြီး IMDb ရဲ့ rating 8.1 ထိတောင် ရထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ Drama ဇာတ်ကားတကားလည်း ဖြစ်တာမို့ ပရိသတ်တော်တော်များများ အကြိုက်တွေ့ကြတဲ့ ဇာတ်ကားတကားပါ။

 

ဒီဇာတ်ကားလေးအကြောင်း ပြောရမယ်ဆိုရင်တော့ အားလုံးသိကြတဲ့အတိုင်း အိန္ဒိယအမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူအခွင့်ရေးမရကြပါဘူး။ ပြီးတော့ သူတို့တွေဟာ မြန်မာအမျိုးသမီးတွေလိုဘဲ အရှက်အကြောက် အရမ်းကြီးကြပါတယ်။ ဒါဟာ ငယ်ရွယ်စဉ်ကတည်းက ပတ်ဝန်းကျင်ရဲ့ brainwash လုပ်ခံထားရတဲ့ အတွေးတွေ စကားတွေကြောင့်ဘဲ ဖြစ်ပါတယ်။ (ဉပမာ- ရှက်သင့်တဲ့ နေရာမှာ မရှက်၊ မရှက်သင့်တဲ့ နေရာမှာ ရှက်တာမျိုး)

 

ဒါကြောင့်မို့ သူတို့ဆီမှာ အမျိုးသမီးတွေ ဓမ္မတာလာရင် ရှက်စရာ စက်ဆုပ်ရွံရှာစရာလို့ သတ်မှတ်ထားကြပါတယ်။ အမျိုးသမီးတွေဟာ ဓမ္မတာလာချိန်မှာ ဒီခေတ်လို pad တွေလည်း ဝယ်မသုံးနိုင်ကြတော့ အဝတ်စုတ်တွေကို ခံပြီး အသုံးပြုလေ့ ရှိကြပါတယ်။ နောက်တခုက အခုလို ဓမ္မတာလာချိန် ၅ရက်မှာ အိမ်ထဲက ပစ္စည်းတွေတောင် ကိုင်ခွင့်မရှိဘဲ အမျိုးသမီးတွေအနေနဲ့ အိမ်အပြင်မှာ ထွက်နေရတယ် ဆိုတဲ့ အယူအဆတွေပါ ဖြစ်လာပါတယ်။ ဒါကို  Akshay Kumar တယောက် သူ့အမျိုးသမီး အခုလို အယူအဆတွေကြား ဒုက္ခတွေ ကြုံတွေ့ပြီး အဝတ်စုတ်တွေ အသုံးပြုနေရတာကို မကြည့်ရက်တာကြောင့် ဓမ္မလာချိန် pad အသုံးပြုနိုင်ဖို့အတွက် သူကိုယ်တိုင် အကြံရလာပါတော့တယ်။

 

ဒါပေမဲ့ အမျိုးသမီးတွေကိုယ်တိုင်က ဒီကိစ္စကို ဆွေးနွေးလို့မရဘဲ တဏှာရူး၊ လူယုတ်မာဆိုတဲ့ ပုံစံမျိုး အထင်သေးတဲ့ မျက်လုံးတွေနဲ့ အကြည့်ခံရပြီး နောက်ဆုံးမှာ မိန်းမကိုယ်တိုင်ကပါ ယောက်ျားဖြစ်သူကို အထင်လွဲပြီး လမ်းခွဲခဲ့ရတဲ့အထိ ကြုံတွေလာပါတော့တယ်။

ကဲ ဒီလောက်ဆိုရင်တော့ Padman ရုပ်ရှင်ကို ကြည့်ဖို့ တော်တော်လေးကို လုံလောက်နေပြီမို့ ဒီလိုကိစ္စဟာ ရှက်စရာတဲ့အကြောင်း ဇွဲမလျော့ဘဲ ယုံကြည်ရာကို သိက္ခာကျခံ အထင်သေးခံပြီး လူတွေရဲ့ အတွေးတွေကို ပြောင်းလဲပြစ်ဖို့ Akshay Kumar တယောက် ဘယ်လိုတွေ အကောင်ထည်ဖော် ကြိုးစားသွားမလဲဆိုတာကိုတော့ ပရိသတ်ကြီးက ဆက်လက်ကြည့်ရှု့ပေးရမှာ ဖြစ်ပါတယ်။ တကယ့် drama ဇာတ်ကားကောင်းဖြစ်ပြီး ပညာပေးဇာတ်ကားတကားဖြစ်တာကြောင့် အားလုံးကို လက်တို့ပေးလိုက်ပါတယ်နော်။

 

Leave a Reply

Your email address will not be published. Required fields are marked *