Paramount က G.I. Joe 3 ထွက်ရှိမယ့်ရက်ကိုကြေညာလိုက်ပြီ

ရုပ်ရှင်ထဲမှာပါဝင်တဲ့ ခေတ်လွန်လက်နက်တွေနဲ့ အလန်းစားအက်ရှင်အခန်းတွေကြောင့်လူသိများတဲ့ G.I. Joe ဇာတ်လမ်းရဲ့ တတိယမြောက်ရုပ်ရှင်ထွက်ရှိမယ့်ရက်ကို Paramount ကကြေညာလိုက်ပြီပဲဖြစ်ပါတယ်။ လောလောဆယ် ၂၀၂၀ ခုနှစ် မတ်လ ၂၇ ရက်နေ့ထွက်မယ်လို့လျာထားတဲ့ ဒီရုပ်ရှင်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။
ပထမဆုံး G.I. Joe ရုပ်ရှင်ဖြစ်တဲ့ The Rise of Cobra ကို ၂၀၀၉ ခုနှစ်တုန်းက ရုံတင်ခဲ့ပြီး Channing Tatum နဲ့ Marlon Wayans တို့ကဦးဆောင်ပါဝင်ခဲ့ကာ Box Office မှာ $302.5 million ရရှိခဲ့ပါတယ်။ ဒုတိယကားဖြစ်တဲ့ Retaliation ကတော့ ၂၀၁၃ ခုနှစ်တုန်းကထွက်ရှိခဲ့ပြီး Channing Tatum နဲ့ Dwayne Johson တို့ဦးဆောင်ပါဝင်ခဲ့ကာ Box Office မှာ $375.7 million ရရှိခဲ့ပါတယ်။
လောလောဆယ်တော့ ဒုတိယကားရဲ့ Trailer လေးကိုပြန်ကြည့်လိုက်ကြပါဦး။ တတိယကားမှာ အဲဒီထက်ပိုမိုက်တဲ့ အက်ရှင်ခန်းတွေပါဝင်လာဖို့ မျှော်လင့်ရမှာပဲဖြစ်ပါတယ်။
Leave a Reply