Park Bo Gum လေးကတော့ ‘Hyori’s Homestay 2’ အစီစဉ်မှာ YoonA နဲ့ Lee Hyori တို့ကို Surprise လုပ်ခဲ့

နောက်ဆုံးတော့ ရုပ်ရှင်မင်းသားချော Park Bo Gum တစ်ယောက် ‘Hyori’s Homestay 2’ အစီစဉ်မှာ ပါဝင်လာခဲ့ပါပြီ။ မတ်လ ၁၁ ရက်နေ့မှာထုတ်လွှင့်ပြသခဲ့တဲ့ JTBC ရဲ့ Reality Show တစ်ခုဖြစ်တဲ့ ‘Hyori’s Homestay 2’ အစီစဉ်ရဲ့ အပိုင်း ၁၁ မှာ Park Bo Gum တစ်ယောက် YoonA နဲ့ Lee Hyori တို့ကို Surprise လုပ်ဖို့ Jeju ကျွန်းမှာရှိတဲ့ Lee Hyori နဲ့ Lee Sang Soon တို့ရဲ့နေအိမ်ကိုရောက်လာခဲ့ပါတယ်။

 

 

Park Bo Gum က YoonA နဲ့အတူ ‘Bed And Breakfast’ အစီစဉ်မှာ ၃ ရက်ကြာ Part-time လုပ်ဖို့အတွက် Lee Hyori မသိစေပဲ Schedule တွေပြုလုပ်ခဲ့ပါတယ်။ Jeju ကျွန်းကိုမသွားခင်မှာ Park Bo Gum က Interview တစ်ခုကိုဖြေဆိုခဲ့ပါတယ်။ အဲ့ဒီ Interview မှာ သူဘာကြောင့် ဒီအစီစဉ်ကို Join ရလည်းဆိုတဲ့အကြောင်းကိုရှင်းပြထားခဲ့ပါတယ်။

 

Park Bo Gum က “သူ Hoyri’s Homestay Show ကို Season 1 ထဲကကြည့်ခဲ့တာပါ။ ဘာကြောင့်လည်းဆိုတော့ သူက Lee Hyori ရဲ့ Fan တစ်ယောက်ပါ။ Show ကိုလည်းအရမ်းကြိုက်နှစ်သက်တာကြောင့် သူဒီအစီစဉ်မှာပါဝင်ဖို့အတွက်ဆုံးဖြတ်လိုက်တာပါ” ဆိုပြီးဖြေထားခဲ့ပါတယ်။ Park Bo Gum တစ်ယောက် အစီစဉ်မှာပါမယ်ဆိုတာကို Lee Hyori ကတော့လုံးဝမသိခဲ့ဘဲ အရမ်းကိုအံ့အားသင့်သွားတယ်လို့ဆိုပါတယ်။

 

A post shared by @yoona__lim on

 

Park Bo Gum ကတော့ “သူက ဆန်ကိတ်ချက်နည်းအပြင် ထမင်းဟင်းအတော်များများကိုလည်းကောင်းမွန်စွာ ချက်ပြုတ်တတ်ပါတယ်” ဆိုပြီး Lee Hyori ကိုပြောပြနေပါတယ်။ ပြီးတော့ သူကအိမ်ရှင်းလင်းရာမှာလည်းအရမ်းတော်တယ်ဆိုပြီး သူ့ရဲ့ကျွမ်းကျင်မှုတွေကို အားရဝမ်းသာရှင်းပြပြောဆိုနေခဲ့ပါတယ်။ Park Bo Gum က “သူကိစ္စတော်တော်များများကို ကျွမ်းကျွမ်းကျင်ကျင်နဲ့လုပ်တတ်ပြီး အရာရာမှာတော်မယ်ဆိုတာသူ့ကိုယ်သူယုံပါတယ်” ဆိုပြီး Lee Hyori ရဲ့အစီစဉ်မှာ ပါဝင်နိုင်ဖို့ သူ့ကိုယ်သူ ကြေငြာချက်တွေထုတ်နေပါတော့တယ်။

 

Park Bo Gum က “သူဒီအစီစဉ်မှာ Lee Hyori နဲ့ YoonA တို့အတွက်အကူအညီရနိုင်ပါ့မလားဆိုတာ စိုးရိမ်မိတယ်” ဆိုပြီးပြောခဲ့ရာမှာတော့ Lee Hyori က “Park Bo Gum ဒီနေရာမှာရှိနေတာနဲ့တင် အတော်ကိုအကူအညီရနေပါပြီ” ဆိုပြီး ရယ်မောလျှက်ဖြေထားခဲ့ပါတယ်။

 

‘Hyori’s Homestay 2’ ရဲ့အပိုင်းအသစ်ကိုတော့ လာမယ့် တနင်္ဂနွေနေ့ ကိုရီးယားစံတော်ချိန်ည ၉ နာရီအချိန်မှာ ထုတ်လွှင့်ပြသမယ်ဆိုတာ အသိပေးလိုက်ပါတယ်နော်။ Park Bo Gum ရဲ့ ကျွမ်းကျင်မှုတွေကို ကိုယ်တိုင်မျက်မြင်ခံစားရဖို့ ဒီအပိုင်းလေးကို အပြေးသာကြည့်လိုက်ကြပါတော့ Fan Girl လေးတို့ရေ…။

 

 

Ref: Soompi

Leave a Reply

Your email address will not be published. Required fields are marked *