`My Golden Life´ ရဲ့ မင်းသား Park Shi-hoo ကို Horror Romance Drama အသစ်လေးမှာ ပြန်တွေ့ရတော့မှာလား ?

`KBS´ ရုပ်သံလိုင်းကနေပြီးထုတ်လွှင့်ပြသမယ့် `Lovely Horribly´ Drama ဇာတ်ကားလေးထဲမှာ ခေါင်းဆောင်မင်းသားနေရာကနေပြီး ပါဝင်သရုပ်ဆောင်ဖို့အတွက် Park Shi-hoo ကမ်းလှမ်းခံရတယ်လို့သိခဲ့ရပါတယ်။ Park Shi-hoo ကတော့ ဇာတ်ကားကမ်းလှမ်းမှုနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ Confirm လုပ်ထားခြင်းမရှိသေးပေမယ့် ဒီဇာတ်ကားမှာပါဝင်သရုပ်ဆောင်ရမယ့်ဇာတ်ရုပ်က သူ့အတွက်တော့အရမ်းကို အတွေ့အကြုံကောင်းရစေမယ်ဆိုတာကိုတော့ သူကိုယ်တိုင် ပြောပြလာခဲ့ပါတယ်။`Lovely Horribly´ ဇာတ်ကားလေးကတော့ အမျိုးသားနဲ့အမျိုးသမီးနှစ်ဦးကြားမှာ ဖြစ်ပေါ်လာမယ့် အခွင့်အရေးနဲ့ ကံကြမ္မာအလှည့်အပြောင်းတွေအကြောင်းကို ကြောက်လန့်ဖွယ်ကောင်းတဲ့ဇာတ်လမ်းဆန်ဆန်ရိုက်ကူးမယ့် ဇာတ်ကားကောင်းလေးလို့သိရပါတယ်။

ဒီဇာတ်ကားလေးရဲ့ ဇာတ်အိမ်လေးကတော့ သဘာဝလွန်စွမ်းအားတွေကိုပိုင်ဆိုင်ထားတဲ့ ဇာတ်လမ်းရေးဆရာတစ်ယောက်ရဲ့အကြောင်းကိုရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ဒီ Drama လေးမှာ စာရေးဆရာရေးသားလိုက်တဲ့ ဇာတ်လမ်းတွေဟာ တကယ့်လက်တွေ့လောကမှာဖြစ်ပျက်လာတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေအကြောင်းကို ရိုက်ကူးပုံဖော်ဖို့ရှိတယ်ဆိုတာသိခဲ့ရပါတယ်။

A post shared by Park Shi Hoo (@parkshi_hoo) on

Park Shi-hoo ကတော့ သဘာဝလွန်စွမ်းအားတွေပိုင်ဆိုင်ထားတဲ့ ဇာတ်လမ်းရေးဆရာတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ဖို့ရန်အတွက်ကမ်းလှမ်းခံရတာပါ။ Drama ထဲမှာတော့ Park Shi-hoo က တကယ့်ဘဝမှာလား စိတ်ကူးယဉ်ဇာတ်လမ်းထဲမှာလားဆိုတာ သူ့ကိုယ်သူမဝေခွဲနိုင်တဲ့ Top Star တစ်ယောက်အဖြစ်နဲ့ ဇာတ်လမ်းရေးသားခြင်းခံရတဲ့ `Yoo Philip´ အနေနဲ့သရုပ်ဆောင်မှာပါ။ ယခုရိုက်ကူးထုတ်လွှင့်မယ့်ဇာတ်ကားလေးက `W Two Worlds´ ဇာတ်ကားနဲ့ ဇာတ်အိမ်အခြေချတာတူပေမယ့် ဇာတ်လမ်းမှာပါဝင်မယ့် အခြားသော အကြောင်းအရာတွေက `W´ နဲ့မတူတဲ့ ရသတွေကိုပေးစွမ်းနိုင်မှာပါ။

Yoo Philip က ၈နှစ်အကြာ ပြန်ပေးဆွဲခံရပြီး သေအံ့ဆဲဆဲ Top Star တစ်ယောက်ပဲဖြစ်ပါတယ်။ ခုလိုပြန်ပေးဆွဲခံရတာကြောင့် Yoo Philip က အရာရာကိုကြောက်လန့်ပြီး Daily Life ကိုခက်ခက်ခဲခဲ ရုန်းကန်အသက်ရှင်နေခဲ့ရပါတယ်။ Park Shi-hoo က မှောင်မဲနေတဲ့ ကားပါကင်တွေနဲ့ ဘေးအကာမပါတဲ့ လျှောက်လမ်းတွေကအစ ကြောက်လန့်နေတတ်တဲ့  Yoo Philip အဖြစ်နဲ့သရုပ်ဆောင်ရမှာပါ။

သူက ပြီးခဲ့တဲ့ `My Golden Life´ ဆိုတဲ့ Drama မှာပရိတ်သတ်ကြီး အံ့သြလောက်အောင်ကို အရမ်းရဲရင့်တဲ့ လူငယ်လေးတစ်ယောက်အဖြစ်နဲ့ပါဝင်သရုပ်ဆောင်ပြီး အကောင်းဆုံးဆိုတာတွေပဲလုပ်ပြသွားခဲ့တာပါ။ ခုလို အရမ်းရဲရင့်တဲ့ ကာရိုက်တာကနေပြီး အစစအရာရာကြောက်လန့်နေတတ်တဲ့ ကောင်လေးတစ်ယောက်အဖြစ် ကာရိုက်တာချက်ချင်းပြောင်းပြီးရိုက်ကူးရမယ့် Park Shi-hoo အတွက် အရမ်းပဲခက်ခဲနေမလား၊ ဒါမှမဟုတ် ကျရာကာရိုက်တာကို အကောင်းဆုံးသရုပ်ဆောင်ပြနိုင်မလားဆိုတာကတော့ရင်ခုန်စရာပါပဲနော်..။

Park Shi-hoo အတွက် `My Golden Life´ ဇာတ်ကားလေးကတကယ့်ကို အောင်မြင်ခဲ့တဲ့ Comback Drama လေးဖြစ်ခဲ့ပါတယ်။ တစ်ခုအရမ်းရင်ခုန်ရတာရှိသေးတယ်သိလား…😄။ Park Shi-hoo နဲ့ တွဲဖက်သရုပ်ဆောင်မယ့် ရဲရင့်တဲ့ ကာရိုက်တာလေးနဲ့ မင်းသမီးချောချောလေးက ဘယ်သူဖြစ်မလည်းဆိုတာပါပဲ။ 😁 ဇာတ်ကားအညွှန်းလေးဖတ်ပြီးကြည့်ချင်နေပြီဟုတ်။ ဘာမှစိတ်မပူနဲ့ August လမှာ `KBS´ ရုပ်သံလိုင်းကနေထုတ်လွှင့်ပြသမယ်လို့သိရတယ် ပရိတ်သတ်ကြီးရေ…၊ အချိန်အများကြီးမစောင့်ရပါဘူး လေးလထဲရယ်လေနော့။💖

Leave a Reply

Your email address will not be published. Required fields are marked *