Variety Show အသစ်တစ်ခုမှာပါဝင်မယ်လို့ Park Shin Hye နဲ့ So Ji Sub တို့နှစ်ဦး အတည်ပြုခဲ့

မင်းသားကြီး So Ji Sub (Oh My Venus, The Battleship Island) နဲ့ ယခုလတ်တလောမှာ Dating News တွေကြောင့်နာမည်ကြီးနေတဲ့ မင်းသမီးချောလေး Park Shin Hye (The Heirs) တို့နှစ်ဦးကတော့ Variety Show အသစ်တစ်ခုအတွက် ရိုက်ကူးရေးလုပ်နေတယ်လို့သိရပါတယ်။

 

‘Little House In The Forest’ ဆိုတဲ့ အဆိုပါ Variety Show လေးကတော့ အနုပညာရှင်တို့ရဲ့ တောထဲမှာဘယ်လိုနေထိုင်ကျင်လည်ကြမလည်းဆိုတဲ့ အစွမ်းအစတွေကို ထုတ်ဖော်ပြသမယ့် Variety Show တစ်ခုပဲဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားလုံးဝမရရှိနိုင်တဲ့ တောတောင်ရဲ့အလယ်တစ်နေရာမှာ အစားအသောက်အတွက် အနေအထိုင်အတွက် ဘယ်လိုပုံမျိုးနဲ့ရုန်းကန်မလည်းဆိုတာအပြင် သူတို့တွေရဲ့ အခက်အခဲတွေကြုံတွေ့လာရင် လွတ်မြောက်အောင်စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေကို တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။

 

A post shared by So Ji Sub (@sojisubofficial) on

 

ဒီ Variety Show ကိုရိုက်ကူးမယ့်သူကတော့ PD Na Young Suk ပဲဖြစ်ပါတယ်။ သူကတော့ ‘1 Night 2 Days’, ‘Yoon’s Restaurant’, ‘Three Meals A Day’, ‘Journey To The West’ ဆိုတဲ့ Variety Show အတော်များများကိုရိုက်ကူးခဲ့တဲ့ Production Director တစ်ဦးအဖြစ်နဲ့ Variety Show Fan တွေရဲ့ ချစ်ခင်နှစ်သက်မှုကိုရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။

 

Park Shin Hye ရဲ့ Agency ကနေပြီး “Park Shin Hye ဟာ ‘Little House In The Forest’ Variety Show မှာ ပါဝင်မယ်ဆိုတာ ဟုတ်ပါတယ်။ အခုဆို သူမဟာ Jeju ကျွန်းမှာ ရိုက်ကူးရေးလုပ်နေပါပြီ။ So Ji Sub လည်း ပါဝင်ရိုက်ကူးနေပါတယ်” ဆိုပြီး ပရိသတ်ကြီးကို အသိပေးလာခဲ့ပါတယ်။ So Ji Sub ကတော့ ‘Show Me The Money’ ဆိုတဲ့ Rapper Competition တစ်ခုမှာ ဒိုင်အနေနဲ့ပါဝင်အားဖြည့်ပေးဖို့ကိုလည်း သဘောတူထားတယ်လို့သိရပါတယ်။

 

‘Little House In The Forest’ Variety Show ကိုတော့ April လမှာ tvN ရုပ်သံမှနေပြီး ထုတ်လွှင့်ပြသသွားမှာပဲဖြစ်ပါတယ်။ အမြဲကြံ့ခိုင်သန်မာတဲ့ စိတ်ဓာတ်နဲ့ Variety Show တော်တော်များများမှာ နာမည်ကောင်းရခဲ့တဲ့ Park Shin Hye တစ်ယောက်ကို ခု Variety Show မှာရော ဘယ်လိုစိတ်ဓာတ်မာကျောမှုတွေ ကြံ့ခိုင်မှုတွေနဲ့ ထပ်ပြီးမြင်တွေ့ရမလည်းဆိုတာ Fan လေးတွေရင်ခုန်နေလောက်ပါပြီ။ Fan လေးတွေအားလုံးစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်…..။

 

A post shared by 박신혜 (@ssinz7) on

 

 

Ref: Allkpop

Leave a Reply

Your email address will not be published. Required fields are marked *