မင်းသားကြီး Hyun Bin ရဲ့ Drama အသစ်မှာ ပါဝင်သရုပ်ဆောင်မယ့် Park Shin Hye

Hyun Bin (Secret Garden) ရဲ့ ၃ နှစ်ကြာပြီးနောက်မှ ပထမဦးဆုံးရိုက်ကူးမယ့် Fantasy Melodrama လေး ‘Memories Of Alhambra’ ဇာတ်ကားမှာ သဘာဝမင်းသမီးချောလေး Park Shin Hye (The Heirs, Doctors) က ပါဝင်သရုပ်ဆောင်မယ်ဆိုတာကို သူမရဲ့ Agency မှနေပြီး Confirm လုပ်လိုက်ပါတယ်။ ‘Memories Of Alhambra’ ဇာတ်ကားသစ်လေးကိုတော့ ‘W’ ဇာတ်လမ်းတွဲကိုရိုက်ကူးခဲ့တဲ့ Director Song Jae Kyung, ‘Stranger’ ဇာတ်လမ်းတွဲကို ရေးသားပေးခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ Ahn Gil Ho တို့ကပူးပေါင်းပြီး ဖန်တီးရိုက်ကူးကြမယ်လို့ သိရပါတယ်။

ဒီဇာတ်ကားလေးကတော့ ရင်းနှီးမြုပ်နှံရေး Company ရဲ့ CEO Yoo Jin Woo ရဲ့အကြောင်းလေးကို အလေးထားပြီးရိုက်ကူးမှာပဲဖြစ်ပါတယ်။ Hyun Bin က ခေတ်ဆန်သပ်ရပ်ပြီးအလုပ်ကြိုးစားတဲ့ Smart ကျကျ CEO အဖြစ်နဲ့သာမက နွေးထွေးတဲ့ယောက်ျားတစ်ယောက်ဖြစ်တဲ့ CEO Yoo Jin Woo ရဲ့ဇာတ်ရုပ်နေရာမှာ သရုပ်ဆောင်ရမှာပါ။ Yoo Jin Woo က Spain ကို အလုပ်ကိစ္စနဲ့ခရီးထွက်လာရင်းကနေပြီး သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းကသစ္စာဖောက်တာကိုခံရပြီး စပိန်နိုင်ငံရဲ့ Hostel အဟောင်းလေးတစ်ခုမှာ သူ့ရဲ့လက်ကျန်ဘဝကိုဖြတ်သန်းခဲ့ရတဲ့ Smart ကျလှတဲ့ CEO တစ်ယောက်ပဲဖြစ်ပါတယ်။

 

Park Shin Hye အနေနဲ့က Spain မှာရှိတဲ့ Hostel အဟောင်းလေးတစ်ခုရဲ့ ပိုင်ရှင်အမျိုးသမီးတစ်ဦးအဖြစ် ဒီဇာတ်ကားလေးမှာ သရုပ်ဆောင်ရမှာဆိုတဲ့အကြောင်းကို သူမရဲ့ Agency ကနေပြီး Confirm လုပ်ခဲ့ပါတယ်။ Park Shin Hye က လောလောဆယ် အခြားသော Drama တစ်ခုမှာ ပါဝင်ရိုက်ကူးဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။ သူမမှာခုဆို Drama ဇာတ်ကားတွေအတွက် Schedule ကိုအချိန်မှီအောင် အရမ်းကိုအဆင်ပြေပြေနဲ့ စီစဉ်နေရတယ်လို့လည်း သူမ Agency ကဖြေကြားထားခဲ့ပါတယ်။

 

A post shared by @withhyunbin on

 

ဒီနှစ်ကတော့ သူမရဲ့ပရိသတ်တွေအတွက် အရမ်းကိုကံကောင်းတဲ့နှစ်လေးပါပဲ။ မတ်လတုန်းက အပျိုကြီးမမ Park Shin Hye လေးတစ်ယောက် မင်းသားချောချောလေး Choi Tae Joon နဲ့လည်းချစ်သူတွေဖြစ်ကြောင်း ပရိသတ်ကြီးကို Surprise တွေတိုက်ခဲ့တယ်။ ခုလည်း ဇာတ်လမ်းတွဲကောင်းကောင်းလေးမှာ သူမပါဝင်သရုပ်ဆောင်မယ့် အကြောင်းကိုအသိပေးရင်း ရင်ခုန်ရအောင်လုပ်ပြန်တယ်။ Park Shin Hye Fan တစ်ယောက်အနေနဲ့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ Drama တွေအများကြီးကြည့်ချင်ပေမယ့် သူမအတွက် Stress တွေအရမ်းပိပြီး အဆင်မပြေဖြစ်မှာကိုလည်း စိတ်တော့ပူမိတယ်ကွယ်။ Shin Hye ကအလုပ်တွေအရမ်းပိလာရင် ခရီးရက်ရှည်တွေထွက်ပြီး ပရိသတ်ကြီးနဲ့ အဆက်သွယ်ဖြတ်သွားတတ်တဲ့ အကျင့်လေးတစ်ခုရှိနေတာသိတဲ့ သူမရဲ့ Fan တွေက သူမစိတ်ညစ်ပြီးအဆင်မပြေဖြစ်မှာကိုသာ စိုးရိမ်မိကြမယ်ထင်ပါတယ်။

 

ဒါပေမယ့် Shin Hye လေးက စိတ်ဓာတ်အရမ်းမာတဲ့မိန်းကလေးတစ်ယောက်ဆိုတာလည်းယုံကြည်တယ်။ ခု ‘Memories Of Alhambra’ ဇာတ်ကားလေးမှာလည်း သူမရဲ့ ဘယ်လိုမျိုးထူးခြားတဲ့သရုပ်ဆောင်မှုတွေကို မြင်ရမလဲဆိုတာနဲ့ပတ်သက်ပြီး Fan တွေအရမ်းစိတ်လှုပ်ရှားနေမယ်ဆိုတာ မလွဲဧကန်ပါပဲ။ အတူတွဲဖက်သရုပ်ဆောင်ရမယ့် မင်းသားကလည်း နာမည်ကြီးလူကြိုက်များတဲ့ Hyun Bin ဖြစ်နေတော့ ဒီဇာတ်ကားလေးကအတော်ကို ပရိသတ်ပေါများမယ့် ဇာတ်ကားဆိုလည်းမမှားပါဘူးနော်။ ‘Memories Of Alhambra’ Drama ကိုတော့ ၂၀၁၈ နှစ်လည်ပိုင်းလောက်မှာ tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမယ်လို့သိရပါတယ်။ အခြားသော Fan တွေတော့မသိဘူး ကိုယ်ကတော့ အရမ်းကိုကြည့်ချင်နေပြီကွယ်…💕။

 

A post shared by 박신혜 (@ssinz7) on

 

Ref: Soompi

Leave a Reply

Your email address will not be published. Required fields are marked *