မကြာခင်မှာ prequel အနေနဲ့ ပြန်လာမယ့် Game of Thrones

ကမ္ဘာကျော်နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Game of Thrones ဟာ season 8 မှာဆုံးခန်းတိုင်ပြီဖြစ်တဲ့အတွက် ပရိသတ်တွေစိတ်မကောင်းဖြစ်နေကြပါတယ်။ အခုတော့ စိတ်မကောင်းဖြစ်နေတဲ့ပရိသတ်ကြီးကိုနှစ်သိမ့်ဖို့သတင်းတစ်ခုထွက်လာပါပြီ။ ဒါကတော့ Game of Thrones ရဲ့ perquel ကိုရိုက်တော့မယ့် အကြောင်းပဲဖြစ်ပါတယ်။ George. R. R.Martin ရဲ့နာမည်ကြီး Game of Thrones ရဲ့ prequel ကို Belfast မြို့မှာ အောက်တိုဘာလကစပြီး အစမ်း ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ Martin က ရိုက်ကူးရေးကို ဇွန်လတုန်းက အတည်ပြုခဲ့တာဖြစ်ပြီး အခုကြည့်နေရတဲ့ Game of Thrones rတိုင်ခင် နှစ်ပေါင်း ၁သောင်းလောက်က Westeros မှာဖြစ်တဲ့အကြောင်းတွေကို ပြန်ဖော်ပြမှာဖြစ်တဲ့အတွက် အခုလက်ရှိ GOT သရုပ်ဆောင်တွေပါမှာ မဟုတ်ဘူးလို့လည်း Martin ကပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီရိုက်ကူးရေးဟာ အစမ်းဖြစ်တဲ့အတွက် သရုပ်ဆောင်နေရာတွေတောင် မရွေးရသေးကြောင်းပါ ထည့်ပြောခဲ့ပါတယ်။

 

ဒီဇာတ်လမ်းရဲ့နာမည်ကိုအတည်မပြုရသေးပေမယ့် “The Long Night” လို့အမည်ပေးချင်ကြောင်းကိုလည်း Martin က ပြောကြားထားပါတယ်။ ဒီဇာတ်ကားကို Belfast က Titanic Quarters မှာရှိတဲ့ Painted Hall မှာ ရိုက်ကူးဖို့ရှိပြီး ဒီ Hall ကို အရင် GOT series တွေရိုက်တုန်းကလည်း studio အနေနဲ့သုံးခဲ့ဖူးပါတယ်။ ဒါတင်မက Superman ရဲ့ prequel ဖြစ်တဲ့ Krypton ကိုလည်း Painted Hall မှာရိုက်ကူးခဲ့ဖူးသလို နောက်ထွက်မယ့် Star Wars ကိုလည်း ဒီမှာပဲရိုက်ဖို့စီစဉ်ထားကြပါတယ်။ ဒီ prequel မှာ Westeros ရဲ့ ခြောက်ခြားစရာသမိုင်းကြောင်းကနေ white walker တွေရဲ့မူလဇစ်မြစ် စတဲ့ လူမသိသေးတဲ့အကြောင်းတွေကို ထည့်သွင်းသွားမယ်လို့လည်း သိရပါတယ်။ GOT prequel ကို series ငါးခုအနေနဲ့ရိုက်ကူးသွားဖို့ရှိပြီး တစ်ခုကိုရိုက်ဖို့ ပြင်ဆင်နေတုန်းမှာ ကျန်တဲ့ series တွေကိုလည်း တစ်ပြိုင်တည်း စီစဉ်သွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *