Horror Fan တွေ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ကိုရီးယားဇာတ်လမ်းတွဲသစ် Priest

ဒီရက်သတ္တပတ်မှာတော့ အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ ကိုရီးယားဇာတ်လမ်းတွဲအသစ်တွေ ဆက်တိုက်ထွက်ရှိနေတာဖြစ်ပြီး ဒီထဲမှာ Horror Fan တွေ လုံးဝကို လက်မလွတ်သွားသင့်တဲ့ ဇာတ်လမ်းတွဲသစ်တစ်ခု ရှိနေပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ နာမည်ကတော့ Priest ပါ။

 

ဒီဇာတ်လမ်းတွဲကတော့ မကောင်းဆိုးဝါးပူးကပ်နေတဲ့ ဝေဒနာရှင်တွေကို ခရစ်ယာန်ဘုန်းတော်ကြီးတွေနဲ့ ဆရာဝန်တွေ ပူးပေါင်းပြီး ကူညီပေးတဲ့ ဇာတ်လမ်းမျိုးပါ။ ဒီရက်ပိုင်းမှာတော့ လူစိတ်ဝင်စားမှု အများဆုံးရရှိထားတဲ့ ဇာတ်လမ်းတွဲတစ်ခုဆိုလည်း မမှားပါဘူး။ အချစ်ဇာတ်လမ်းတွေ ဟာသဇာတ်လမ်းတွေပဲ ကြည့်နေရလို့ ငြီးငွေ့နေတဲ့သူတွေ ဒါမှမဟုတ် Horror မှ Horror တလိုင်း ဖြစ်နေသူတွေအတွက်ကတော့ Priest က လုံးဝအဆင်ပြေနိုင်ပါတယ်။

 

ထူးခြားတဲ့ ဇာတ်လမ်းဇာတ်အိမ်မျိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းတွဲတွေကိုသာ ရွေးချယ်ပြသတတ်လေ့ရှိတဲ့ နာမည်ကျော်ရုပ်သံလိုင်း OCN ကနေ Priest ကို ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ရက်နေ့ကမှ အပတ်စဉ် စနေနဲ့တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသပေးနေတာဖြစ်ပြီး လက်ရှိမှာ အပိုင်းနှစ်ပိုင်းကိုသာ ပြသထားခဲ့ပါသေးတယ်။

 

Priest ဇာတ်လမ်းတွဲထဲမှာ မင်းသားချော Yeon Woo Jin မင်းသမီးချော Jung Yoo Mi နဲ့ ဝါရင့်မင်းသားကြီး Park Yong Woo တို့က အဓိကပါဝင်ထားတာဖြစ်ပါတယ်။ ကိုယ့်မျက်စိရှေ့မှာပဲ မကောင်းဆိုးဝါး ဝင်ပူးလို့ မိခင်သေဆုံးသွားပြီးနောက် ဘုန်းတော်ကြီး Moon Ki Sun ဆီမှာ မကောင်းဆိုးဝါး နှိမ်နင်းခြင်းကို သင်ယူနေတဲ့ ဘုန်းတော်ကြီး Oh Soo Min နဲ့ မကောင်းဆိုးဝါးတွေ ဘုရားသခင်တွေကို အယုံအကြည် သိပ်မရှိပဲ သူတတ်တဲ့ပညာနဲ့ လူနာတွေရဲ့ အသက်ကို ကယ်တင်ပေးနေတဲ့ အရေးပေါ်ဌာနရဲ့ ဆရာဝန်မလေး Ham Eun Ho တို့အကြောင်းကို စိတ်ဝင်စားဖွယ် ပုံဖော်ပေးထားတာဖြစ်ပါတယ်ခင်ဗျာ။

 

 

Leave a Reply

Your email address will not be published. Required fields are marked *