Prince Harry နဲ့ Meghan Markle တို့ရဲ့ ရိုးရှင်းပြီး လှပတဲ့ Engagement Photo များ

ဗြိတိသျှတော်ဝင်မင်းသား Prince Harry နဲ့ Hollywood ရုပ်ရှင်မင်းသမီး Meghan Markle တို့ဟာ ၂၀၁၇ မှာကတည်းက စေ့စပ်ထားကြပြီး ၂၀၁၈ မေလမှာ တရားဝင်လက်ထပ်တော့မှာဖြစ်ပါတယ်။ Prince Harry ကတော့ အသက် ၃၀ ဖြစ်ပြီး Meghan Markle ကတော့ အသက် ၃၄ နှစ် ဖြစ်ပါတယ်။ တော်ဝင်မိသားစုအတွက် မကြာခင်ကျင်းပတော့မယ့် လက်ထပ်ပွဲဟာ ကြိုတင်ပြင်ဆင်မှုတွေ များပြားလှသော်လည်း သူတို့နှစ်ဉီးရဲ့ Engagement Photo လေးတွေကတော့ ရိုးရှင်းပြီးလှပလွန်းလှပါတယ်။ New York ဓာတ်ပုံဆရာ Alexi Lubomirski  က ရိုက်ကူးပေးခဲ့တာဖြစ်ပြီး ဓာတ်ပုံဆရာရဲ့ အကူညီမပါဘဲ သူတို့နှစ်ဉီးရယ်မောနေတဲ့အချိန်မှာ လျှပ်တပြတ်သဘာဝပုံကိုသာ ရိုက်ကူးလိုက်ခြင်းဖြစ်တယ်ဆိုတာကို Lubomirski က သူရဲ့ Instagram မှာ “I cannot help but smile when I look at the photos that we took.” ဆိုပြီး တင်ထားတာကိုလည်း တွေ့ရပါတယ်။ ပုံထဲမှာ မြင်တွေ့ရတဲ့အတိုင်း ပကာသနတွေမပါဘဲ အပြုံးကိုယ်စီနဲ့ ပျော်ရွှင်နေတဲ့ သူတို့နှစ်ဉီးရဲ့ လက်ရှိဘဝလေးကတော့ အရာရာပြည့်စုံနေတဲ့ အတိုင်းပါဘဲ။

Leave a Reply

Your email address will not be published. Required fields are marked *