စေ့စပ်ပြီးကတည်းက ခံစားချက်တွေ ပြောင်းလဲလာခဲ့တယ်ဆိုတဲ့ Priyanka Chopra

Hollywood က အနုပညာရှင်တစ်ယောက်နဲ့ Bollywood က အနုပညာရှင်တစ်ယောက် နဖူးစာရွာလည်ပြီး ချစ်ကြိုက်ဖို့ အိမ်ထောင်ပြုဖို့ဆိုတာ တော်တော်လေးကို ရှားပါတယ်။ ဒါပေမယ့် ဒီလို ရှားရှားပါးပါးထဲကမှ ဖူးစာဆုံနေတဲ့ နှစ်ယောက်ကတော့ ကြံကြံဖန်ဖန် ထွက်ပေါ်လာခဲ့ပါတယ်။ သူတို့ကတော့ Bollywood မင်းသမီးချောလေး Priyanka Chopra နဲ့ Hollywood က အဆိုတော်သရုပ်ဆောင် Nick Jonas တို့ဖြစ်ပါတယ်။

 

အခုလို Nick Jonas နဲ့ ချစ်ကြိုက်နေရတာဟာ အစစအရာရာ ပြောင်းလဲသွားတယ်လို့ ခံစားနေမိကြောင်းကို Priyanka Chopra က အခုလို ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ Quantico ဇာတ်လမ်းတွဲရဲ့ မင်းသမီးဖြစ်သူ Priyanka Chopra ဟာ ပြီးခဲ့တဲ့ဇူလိုင်လက ချစ်သူ Nick Jonas ဆီကနေ Propose လုပ်ခြင်းခံခဲ့ရပြီး ချစ်သူသက်တမ်း သိပ်မကြာခင်လေးမှာပဲ စေ့စပ်ဖြစ်ခဲ့ကြပါတယ်။

 

 

View this post on Instagram

 

The only way to do this… with Family and God. Thank you all for your wishes and blessings 🙏🏼♥️🎉

A post shared by Priyanka Chopra (@priyankachopra) on

Priyanka Chopra က “ကျွန်မ အရမ်းကို စိတ်လှုပ်ရှားနေတယ်။ ထူးခြားပြီး ခြားနားတဲ့ ခံစားချက်မျိုးကိုလည်း ခံစားနေရတယ်။ အရင်တုန်းက ချစ်သူကောင်လေးရှိတာနဲ့ စေ့စပ်ထားတဲ့ ချစ်သူတွေရှိတာက ဒီလောက်ခြားနားနေလိမ့်မယ်ဆိုတာကို လုံးဝသိနားမလည်ခဲ့ဘူး။ အခုမှ ကောင်းကောင်း နားလည်သွားခဲ့တယ်” လို့ E! News နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

 

ဒါ့အပြင် Priyanka Chopra က အခုလို စေ့စပ်လိုက်ရတာကလည်း သူတို့ချစ်သူနှစ်ဦးကြားမှာ ပိုမိုရင်းနှီးမှုတွေ ရရှိသွားခဲ့ရသလို မိသားစုဝင်တွေလိုကို ခံစားလာရမိကြောင်းကိုပါ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အသက်ဆယ်နှစ်နီးပါးလောက် ကွာဟကြသူတွေဖြစ်တဲ့ မမ Priyanka Chopra နဲ့ မောင်လေး Nick Jonas တို့ ချစ်သူစုံတွဲဟာ ပြီးခဲ့တဲ့ မေလမှာပဲ ချစ်သူတွေ ဖြစ်ခဲ့ကြပြီး နှစ်လလောက်အကြာမှာ စေ့စပ်ကြောင်းလမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲနဲ့ သိပ်မကြာခင်အချိန်မှာ လက်ထပ်သွားဖွယ်လည်း ရှိနေပါတယ်ခင်ဗျာ။

 

Source – Contactmusic

Leave a Reply

Your email address will not be published. Required fields are marked *