Dating App မှာ ရင်းနှီးမြှပ်နှံလိုက်တဲ့ Priyanka Chopra

အိန္ဒိယရုပ်ရှင်နယ်ပယ်ထဲမှာတောင်မကပဲ Hollywood အထိမှာပါ အောင်မြင်ကျော်ကြားလာခဲ့ရတဲ့ Bollywood မင်းသမီးချော Priyanka Chopra ကတော့ သူမရဲ့ ရုပ်ရှင်သရုပ်ဆောင်အလုပ်မှာ အောင်မြင်နေရုံနဲ့တင် မကျေနပ်သေးနိုင်တာကြောင့် စီးပွားရေးနယ်ပယ်ထဲကိုပါ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး နာမည်ကျော် Dating App တစ်ခုဖြစ်တဲ့ Bumble မှာပါ ရင်းနှီးမြှပ်နှံလိုက်ပြီလို့ သိရှိရပါတယ်။

 

အသက် ၃၆နှစ်အရွယ်ရှိ Baywatch မင်းသမီးချော Priyanka Chopra ဟာ သုံးစွဲသူ သန်းပေါင်း ၁၂သန်းကျော်လောက်အထိကို ရှိလို့နေတဲ့ အောင်သွယ်တော် Mobile App တစ်ခုဖြစ်တဲ့ Bumble မှာ ရင်းနှီးမြှပ်နှံလိုက်ပြီဖြစ်ပြီး သူမရဲ့ မွေးရပ်မြေ အိန္ဒိယနိုင်ငံအတွင်းမှာ အသုံးပြုသူ များပြားလာအောင် ကြိုးပမ်းသွားတော့မယ်လို့ သိရှိရပါတယ်။ Bumble App ဟာ ၂၀၁၄ခုနှစ်က စတင်ဖန်တီးထားတဲ့ အမျိုးသမီးထု ကိုယ်စားပြု App တစ်ခုဖြစ်ပြီးတော့ Dating ပိုင်းတစ်ခုတည်းကိုသာမကပဲ အမျိုးသမီးတွေအတွက် အလုပ်အကိုင်ပေါင်းတွေမှာပါ ထောက်ပံ့ကူညီပေးထားပါသေးတယ်။

 

Bumble App ကြောင့် မင်္ဂလာဆောင်ပေါင်းနဲ့ စေ့စပ်ပွဲပေါင်း ငါးထောင်ကျော်လောက်အထိကို ပြုလုပ်ခဲ့ပြီးပြီဖြစ်ကြောင်း Celebrities User များဖြစ်ကြတဲ့ Made In Chelsea  ထဲက သရုပ်ဆောင် Jamie Laing နဲ့ Celebrity Big Brother ထဲက အဖွဲ့ဝင် Chad Johnson တို့မှာ အခုဆိုရင် အသီးသီးစွံသွားခဲ့ကြပြီပဲဖြစ်ပါတယ်။

 

အခုလို Dating App တစ်ခုမှာ ရင်းနှီးမြှပ်နှံလိုက်ရခြင်းနဲ့ပတ်သက်ပြီး Priyanka Chopra က “အမျိုးသမီးထုအတွက် ရင်းနှီးမြှပ်နှံတယ်ဆိုတာ လူမှုရေးရာ အကူးအပြောင်းတစ်ခုအဖြစ်ရော စီးပွားရေးတိုးမြင့်မှုအဖြစ်ရဲ့ အဓိကသော့ချက်အဖြစ်နဲ့ပါ ကျွန်မ အမြဲတမ်းယုံကြည်ထားပါတယ်။ ဒီရင်းနှီးမြှပ်နှံမှုကတော့ ကျွန်မအတွက် လမ်းသစ်တစ်ခုပါပဲ။ အရမ်းကိုလည်း စိတ်လှုပ်ရှားနေမိပါတယ်” လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။

 

Source -Contactmusic

Leave a Reply

Your email address will not be published. Required fields are marked *