အသစ်ထုတ်လွှင့်ပြသမယ့် အက်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် Rain

၂၀၁၈ ခုနှစ် မေလမှာထုတ်လွှင့်ပြသမယ့် Action Drama အသစ်မှာ Rain တစ်ယောက်ပါဝင်သရုပ်ဆောင်ဖို့အတွက် Confirm လုပ်ထားပါတယ်လို့ JTBC ရုပ်သံမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မိန်းမချောချောလေးရပြီး အိမ်ထောင်သည်ဘဝကိုပျော်ရွှင်နေတဲ့ Rain အနေနဲ့က အိမ်ထောင်ကျပြီးမှ ပထမဦးဆုံးရိုက်ကူးမယ့် Drama Series လေးဆိုလည်းမမှားပါဘူးနော်။

 

JTBC ရုပ်သံကနေ ထုတ်လွှင့်ပြသမယ့် ‘Sketch’ ဆိုတဲ့ ဇာတ်ကားလေးကတော့ Action Romance Drama လေးပါ။ ဒီဇာတ်ကားမှာ Rain နဲ့အတူ မင်းသမီး Lee Sun Bin ၊ မင်းသားချော Lee Dong Gun တို့ အတူပါဝင်သရုပ်ဆောင်ကြမှာပါ။ ဇာတ်ကားလေးက အလွတ်စုံထောက်တွေက သူတို့ရဲ့ ဘဝကံကြမ္မာကို ပြောင်းလဲဖို့ကြိုးစားနေတဲ့အကြောင်းလေးကို စိတ်ကူးယဉ်ဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ခုပါလို့ မိတ်ဆက်ပေးပါရစေ။ Rain က မှုခင်းဌာနတစ်ခုမှာ အရမ်းကိုနာမည်ကြီးတဲ့ စုံထောက်တစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသမီး Lee Sun Bin ကတော့ လက်ရှိအချိန်ကနေ နောက် ၃ ရက်အတွင်းဖြစ်လာမယ့် ကံကြမ္မာတွေ အဖြစ်အပျက်တွေကို Sketch အနေနဲ့ဆွဲပြပေးရတဲ့ အမျိုးသမီး စုံထောက်တစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။

 

ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့အတော်ကောင်းတယ်လို့ ထင်ပါတယ်။ ဇာတ်ဆောင်တွေအားလုံးကလည်း တွဲဖက်ညီတဲ့ သရုပ်ဆောင်တွေလည်းဖြစ်တော့ ဒီ Drama လေးက အရမ်းကိုကြည့်လို့ကောင်းမှာပါ။ Rain ရဲ့ Fan တစ်ယောက်အနေနဲ့ သူ့ရဲ့ ဒီ Action Romance Drama ဆိုတာကိုကြည့်ရဖို့ ရင်ခုန်နေကြတယ်ဟုတ်။ Action ပိုင်းကိုလည်းကျွမ်းကျင်ပိုင်နိုင်ပြီး Romance ဘက်မှာလည်း သူများနဲ့မတူတဲ့ ရိုဆန်နိုင်မှုတွေကြောင့်ကျော်ကြားနေတဲ့ Rain တစ်ယောက် ဒီဇာတ်ကားမှာ ဘယ်လိုတွေသရုပ်ဆောင်ထားမလည်းဆိုတာတွေးရင်း အရမ်းကိုရင်ခုန်နေရပါပြီ။ ပရိသတ်ကြီးလည်း လာမယ့် နွေရာသီမှာ ရင်ထဲအေးချမ်းစေမယ့် ဒီ Drama လေးကိုစောင့်မျှော်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်…။ 😍

 

A post shared by RAIN♥ (@rain_oppa) on

Ref: (1), (2)

Leave a Reply

Your email address will not be published. Required fields are marked *