သိုသိုဝှက်ဝှက်လေး လက်ထပ်လိုက်ကြတဲ့ Ranveer Singh နဲ့ Deepika Padukone

ဘောလိဝုဒ် နာမည်ကြီး မင်းသား Ranveer Singh နဲ့ မင်းသမီး Deepika Padukone တို့စုံတွဲကို လူတိုင်းသိကြမှာပါ။ မသိသေးတဲ့ သူတွေအတွက်လည်း ပြောပြမယ်နော်။ Padmaavat ကားထဲက အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ မိဖုရား Padmavati နဲ့ ဗီလိန် Sultan Alauddin Khilji တို့ပါ။ သူတို့ရဲ့ မင်္ဂလာပွဲလေးကိုတော့ အီတလီက Villa del Balbianello မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ လုံးဝကို သိုသိုသိပ်သိပ် ကျင်းပခဲ့တာဖြစ်ပြီးတော့ ပရိသတ်တွေဆို သူတို့ နှစ်ယောက်ရဲ့ Social Media ပေါ်မှာ ဓာတ်ပုံတွေတင်တော့မှ သိခဲ့ရတာပါ။

 

View this post on Instagram

❤️

A post shared by Ranveer Singh (@ranveersingh) on

View this post on Instagram

❤️

A post shared by Deepika Padukone (@deepikapadukone) on

 

မင်္ဂလာပွဲကို အိန္ဒိယရိုးရာအတိုင်း ကျင်းပခဲ့တာဖြစ်ပြီးတော့ နှစ်ယောက်စလုံးက အနီရောင် ရိုးရာဝတ်စုံလေးတွေနဲ့ လှပနေတာကိုတွေ့ရမှာပါ။ Ranveer ရော Deepika ရော နှစ်ယောက်စလုံးက အသည်းပုံ Emoji လေးတွေပါတဲ့ Caption လေးတွေနဲ့ တစ်ချိန်ထဲမှာ တူတူတင်ပေးခဲ့တာပါ။ သူတို့ရဲ့ ပရိသတ်တွေက သူတို့တွေရဲ့ မင်္ဂလာသတင်းကို ဘယ်တော့ကြားရမလဲဆိုတာကို စောင့်မျှော်နေကြပါတယ်။ ပရိသတ်တွေရဲ့ ဆန္ဒတွေလည်း ပြည့်ဝသွားပြီပေါ့နော်။

 

Ranveer နဲ့ Deepika တို့ရဲ့ မင်္ဂလာပွဲလေးအတွက် ဘောလိဝုဒ်အသိုင်းအဝိုင်းကလည်း အရမ်းကို ဝမ်းသာနေကြပြီး သရုပ်ဆောင် တော်တော်များများကလည်း သူတို့နှစ်ယောက်အတွက် ဂုဏ်ယူပါတယ်ဆိုပြီး Social Media တစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ Retweet လုပ်ခဲ့ကြပါသေးတယ်။

 

Ranveer နဲ့ Deepika တို့က Padmaavat, Bajirao Mastani  စတဲ့ကားတွေမှာ အတူတူသရုပ်ဆောင်ထားကြပြီးတော့ ဘောလိဝုဒ်ရဲ့ အကျော်ကြားဆုံး လွှမ်းမိုးမှုအရှိဆုံး စုံတွဲတွေထဲက တစ်တွဲလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *