OASIS အတွင်းမှာ ဝှက်ထားသောဘဏ္ဍာတွေကို ရှာဖွေမယ့် Ready Player One

READY PLAYER ONE

March လထဲရုံတင်ပြသတော့မယ့် Hollywood ရုပ်ရှင်ဇာတ်ကားတကားဖြစ်တဲ့ Ready Player One ကို live-action/animation ပေါင်းစပ်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ထုတ်လုပ်သူလည်းဖြစ် ဒါရိုက်တာလည်းဖြစ်တဲ့ Steven Spielberg က Ernest Cline ရဲ့ 2011 science fiction novel story ကိုအခြေခံပြီး အဓိကဇာတ်ကောင် ၆ယောက်နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အသေးစိတ်ကတော့ အနီးစပ်ဆုံးအနာဂတ်ရဲ့ ကမ္ဘာကြီးမှာ ကြုံတွေ့နေရတဲ့ လူဦးရေများပြားခြင်းအပေါ် ဆက်နွယ်ခြင်းရဲ့ virtual space ကို OASIS လို့ခေါ်ပါတယ်။ OASIS ရဲ့ founder သေဆုံးသွားတဲ့အချိန်မှာတော့ နောက်ထပ် OASIS အမွေဆက်ခံမယ့်သူဟာ game ကစားရင်း၊ ပဟေဠိတွေ အဖြေရှာရင်း OASIS အတွင်းမှာ ဝှက်ထားသောဘဏ္ဍာတွေကို တွေအောင်ရှာနိုင်တဲ့ First person က  အမွေဆက်ခံခွင့်ရတဲ့သူဖြစ်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဇာတ်ကားဟာ စွန့်စားခန်းတွေပါဝင်သလို ပဟေဠိဆန်ဆန်ကစားနည်းတွေလည်း ပါဝင်မှာဖြစ်လို့ 2018 ရဲ့ မကြည့်မဖြစ်ဇာတ်ကားစာရင်းထဲမှာ ပါဝင်လာမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ 2045 မှာ လူဉီးရေထူထပ်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညစ်စေခြင်း၊ အကျင့်ပျက်ခြစားခြင်းနဲ့ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဆင်းရဲသားရပ်ကွက်ကဲ့သို့သောမြို့ကြီးအများပြားဖြစ်ပေါ်လာပြီး Earth’s population centers အများကြီးရှိလာနိုင်တယ်ဆိုတဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *