Red Velvet အဖွဲ့ဝင် မိန်းမချောလေး Joy နဲ့ Woo Do Hwan တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ‘The Great Seducer’

The Great Seducer

MBC ရုပ်သံကနေထုတ်လွှင့်ပြသမယ့် ‘The Great Seducer’ (‘Tempted’, ‘Great Temptation’) ဇာတ်ကားလေးမှာ Red Velvet ရဲ့အဖွဲ့ဝင် မိန်းမချောလေး Joy နဲ့အတူ မင်းသား Woo Do Hwan ကပါဝင်သရုပ်ဆောင်ရိုက်ကူးထားပါတယ်။ ‘The Great Seducer’ ဆိုတဲ့ ဇာတ်ကားလေးကတော့ ပြင်သစ်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ‘Dangerous Liaisons’ ကိုအခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ခုပါ။ ဇာတ်လမ်းလေးကတော့ အရမ်းကိုအန္တရာယ်များလှတဲ့ Love Game မှာ တစ်ဦးကိုတစ်ဦး ဖြားယောင်းပြီး အနိုင်ယူတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။

 

Joy က ပုရိသယောက်ျားတွေကြားမှာ အရမ်းကိုရေပန်းစားပြီး လွယ်လွယ်ဖြားယောင်းလို့မရတဲ့ ကောလိပ်ကျောင်းသူလေး Hun Tae Hee အဖြစ်နဲ့ သရုပ်ဆောင်ထားပါတယ်။ Woo Do Hwan ကတော့ Hun Tae Hee လိုနာမည်ကျော်ကြားတဲ့မိန်းကလေးတစ်ယောက်ကို ဖြားယောင်းပြီး Love Game တစ်ခုကိုစတင်လိုတဲ့ Kwon Shi Hyun ဆိုတဲ့ ခန့်ညားတဲ့အမျိုးသားတစ်ဦးနေရာမှ ဝင်ရောက်သရုပ်ဆောင်ထားပါတယ်။

 

‘The Great Seducer’ ဇာတ်ကားရဲ့ Poster ကိုရိုက်ကူးရေးလုပ်နေစဉ် မေးမြန်းထားတဲ့ interview တစ်ခုမှာ Woo Do Hwan ကို တကယ့်လက်တွေ့ဘဝမှာဆို Hun Tae Hee ကသူ့ရဲ့ Ideal Type ဖြစ်လာနိုင်မလားလို့မေးမြန်းခဲ့ရာ “အပြင်ပန်းအားဖြင့်တော့ Tae Hee လိုအမျိုးသမီးတစ်ဦးကို ကာကွယ်ပေးချင်တဲ့စိတ်ကခိုင်မာနေပေမယ့် တကယ့်စိတ်ထဲမှာတော့ အရမ်းကိုနူးညံ့တဲ့ နှလုံးသားခံစားချက်မျိုးကိုပေးနိုင်တဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေလိုခံစားချက်မျိုးပေးနိုင်တဲ့မိန်းကလေးမျိုးကိုပိုသဘောကျမိပါတယ်” လို့ဖြေကြားခဲ့ပါတယ်။

 

A post shared by 우도환 (@wdohwan) on

 

Poster ရိုက်ကူးရေး Behind The scene လေးကိုအောက်မှာဖော်ပြပေးထားတယ်နော်။ ‘The Great Tempter’ ဇာတ်ကားလေးကိုတော့ မတ်လ ၁၂ ရက်နေ့မှာ MBC ရုပ်သံကနေ ထုတ်လွှင့်ပြသမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို English စာတမ်းထိုးအနေနဲ့က Viki ရုပ်သံလိုင်းကနေ ကြည့်ရှုနိုင်ပါတယ်။ ကဲ… အချစ်ဇာတ်လမ်းကောင်းကောင်းလေးတွေကိုမှ ကြိုက်နှစ်သက်ကြတဲ့ပရိသတ်ကြီးအတွက်ကတော့ ဒီ Drama လေးက အရမ်းကိုကောင်းလွန်းတဲ့ Drama တစ်ခုဖြစ်လာမယ်ဆိုတာ မလွဲဧကန်ပါပဲ၊ စောင့်မျှော်ကြည့်ရှုကြဖို့မေ့မနေနဲ့ဦးနော်…။

 

 

Ref: (1), (2)

Leave a Reply

Your email address will not be published. Required fields are marked *