ထွက်ရှိမယ့်ရက်တွေပြောင်းလဲသွားတဲ့ Deadpool 2, The New Mutants နဲ့ Gambit

20th Century Fox က သူ့ရဲ့ upcoming movie တွေဖြစ်တဲ့ Deadpool 2, The New Mutants နဲ့ Gambit တို့ရဲ့ ထွက်ရှိမယ့်ရက်တွေကို ပြောင်းလဲလိုက်ပါတယ်။ Deadpool 2 ပရိသတ်တွေကတော့ ပျော်ရွှင်ကြရမှာဖြစ်ပြီး X-Men ဇာတ်ကားနှစ်ခုကိုစောင့်မျှော်နေသူတွေကိုတော့ စိတ်မကောင်းပါဘူးလို့ပဲပြောရမှာဖြစ်ပါတယ်။

Deadpool 2 ဟာ နဂိုသတ်မှတ်ထားတဲ့ရက်ဖြစ်တဲ့ ၂၀၁၈ ဇွန်လ ၁ ရက်နေ့ကနေ မေလ ၁၈ ရက်နေ့ကိုရွှေ့ပြောင်းလိုက်ပြီး နဂိုရက်ထက် ၂ ပတ်စောပြီးပြသမှာဖြစ်ပါတယ်။ ဒီလိုစောပြီးပြသရတာဟာလည်း အကြောင်းရှိပါတယ်။ မေလ ၁၈ ရက်နေ့ပြသလိုက်ခြင်းဟာ Sony ရဲ့ Slender Man နဲ့ပြသရက်တူသွားသလို Disney ရဲ့ Solo: A Star Wars Story ထက် တစ်ပတ်စောသွားစေပါတယ်။ အဓိကကတော့ Han Solo ရုပ်ရှင်နဲ့ပြသရက်တွေမထပ်ချင်တာလို့တောင်ပြောလို့ရပါတယ်။ အဲဒီတော့ စောစောပြပြီး များများယူထားမယ်ဆိုတဲ့ Fox ရဲ့နည်းဗျူဟာက လျှော်ကန်တယ်လို့ပြောလို့ရပါတယ်.. Fan တွေအတွက်လည်း စောစောကြည့်ခွင့်ရတာမို့ ဘာမှစောဒကတက်စရာမရှိပါဘူး။

တကယ်ကြေကွဲဖို့ကောင်းတာက The New Mutants ပါ.. နိုင်ငံအချို့မှာ Deadpool 2 နဲ့ပြသရက်တွေတိုက်ကုန်မှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နဂိုသတ်မှတ်ထားတဲ့ ၂၀၁၈ ဧပြီ ၁၃ ရက်နေ့ကနေ ၂၀၁၉ ဖေဖော်ဝါရီ ၂၂ ရက်နေ့အထိ ၁၀ လခန့်နောက်ဆုတ်ခြင်းခံလိုက်ရပါတယ်။ အဲဒီတော့ နဂိုက ၂၀၁၉ ဖေဖော်ဝါရီ ၁၄ ရက်နေ့သတ်မှတ်ထားတဲ့ Gambit က အလိုအလျှောက် နောက်ဆုတ်သွားပါတော့တယ်။ Gambit ရဲ့ပြသမယ့်ရက်အသစ်က ၂၀၁၉ ဇွန်လ ၇ ရက်နေ့ဖြစ်သွားပါတယ်။

Ref: Hollywood Reporter

Leave a Reply

Your email address will not be published. Required fields are marked *