‘Running Man’ ရဲ့ Lucky Girl လေး Song Ji Hyo က သူမရဲ့ အချစ်ရေးအကြောင်း ဖွင့်ဟလာခဲ့

Song Ji Hyo က သူမရဲ့ ‘What a Man Wants?’ ဇာတ်ကားသစ်မိတ်ဆက်တဲ့ပွဲမှာ သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပြောပြလာခဲ့ပါတယ်။ Song Ji Hyo ကတော့ “သူမအတွက် အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး စဉ်းစားရမယ့်အရွယ်ရောက်နေပေမယ့် ခုလောလောဆယ်တော့ ဦးစားပေးအစီစဉ်တွေထဲမှာ အိမ်ထောင်ရေးကိစ္စမပါသေးပါဘူး။ သူမ Single Life ကို လောလောဆယ်ခုံမင်နေပါတယ်။ သူမမှာ ခုအခြေနေနဲ့ကိုပဲ ပျော်ရွှင်စရာတွေအများကြီးနဲ့ ကြုံတွေ့နေရတာပါ” ဆိုပြီး သူမရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့အတွေးလေးကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။

 

ဒါ့အပြင် Song Ji Hyo က သူမအမေနဲ့ပတ်သက်ပြီး “မင်္ဂလာအခမ်းအနားတွေနားကိုရောက်သွားမိတာနဲ့ သူမရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး သူမကိုအမြဲနားပူနားဆာလုပ်တတ်တယ်။ ခုတော့ အမေလည်းမောသွားပုံရတယ်.. သူမကိုအိမ်ထောင်ရေးအကြောင်းနဲ့ပတ်သက်ပြီးမပြောတော့ဘဲ သူမကိုတွေ့တိုင်းအနားယူဖို့ကိုတိုက်တွန်းနေပါတယ်” လို့လည်း သူမအချစ်ရေးနဲ့ပတ်သက်ပြီး သူမအမေရဲ့ စိုးရိမ်မှုတွေကို ပြောပြလာခဲ့ပါတယ်။

 

 

ဒါတင်မကသေးဘဲ Song Ji Hyo တစ်ယောက် သူမရဲ့ Ex Boyfriend တွေထဲမှာ သူမအပေါ်အမြဲလိမ်ညာခဲ့ဖူးတဲ့သူ ရှိခဲ့လားဆိုပြီး ‘Knowing Bros’ အစီစဉ်မှာမေးမြန်းခြင်းခံခဲ့ရပါတယ်။ Song Ji Hyo က “သူမမှာ သူမကိုအမြဲလိမ်ညာပြီး ဆင်ခြေပေးတတ်တဲ့ရည်းစားတစ်ယောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီတစ်ယောက်က သူမနဲ့တွဲခဲ့ဖူးတဲ့ Baek Chang Ju, C-JeS Entertainment ရဲ့ CEO နဲ့ သူမနောက်ဆုံးတွဲခဲ့တဲ့ ချစ်သူတွေတော့မဟုတ်ပါဘူး” ဆိုပြီးလည်းပြောပြခဲ့ပါတယ်။ လတ်တလော Song Ji Hyo က ‘Running Man’ အဖွဲ့ဝင် Kim Jong Kook နဲ့ Dating Rumor တွေခဏခဏထွက်နေလေတော့ သူမ Fan တွေအပါအဝင် Runner တွေက သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး အရမ်းကိုစိတ်ဝင်စားနေကြတယ်လို့ပြောရင်လည်း မမှားပါဘူး။

 

Runner တွေရဲ့အချစ်တော် အူကြောင်ကြားဂျီဟိုလေးကတော့ တစ်ယောက်ထဲနေရတာကိုသဘောကျပါတယ်တဲ့ရှင်..။ Song Ji Hyo ရဲ့ အသစ်ထွက်ရှိလာမယ့် ‘What A Man Wants?’ ဇာတ်ကားသစ်လေးကိုလည်းအားပေးဖို့ပြောရင်း..။ ကဲ.. အားလုံးသော Fan တွေရေ.. Song Ji Hyo ရဲ့အချစ်ရေးကိုသိလိုသမျှသိသွားပြီဟုတ်။ ကိုယ်တွေရဲ့ အူကြောင်ကြားလေးက ဘယ်နေရာမှာ ဘယ်လိုပုံနဲ့အိပ်ရမလည်းဆိုတာသာ အမြဲတွေးနေတတ်တဲ့ အပျိုကြီးလေးပါနော်..။ 😜

 

 

Ref: (1), (2)

Leave a Reply

Your email address will not be published. Required fields are marked *