ကင်ဆာတိုက်ဖျက်ရေးရန်ပုံငွေအတွက် ပန်းရောင် Deadpool ဝတ်စုံကိုရောင်းချနေတဲ့ Ryan Reynolds

Deadpool မင်းသားကြီး Ryan Reynolds က သူ့ရဲ့ Twitter စာမျက်နှာကနေတစ်ဆင့် ပန်းရောင် Deadpool ဝတ်စုံကို ပွဲထုတ်ပြသခဲ့ပါတယ်။ အဆိုပါဝတ်စုံဟာ ကင်ဆာရောဂါတိုက်ဖျက်ရေး ပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ ‘Fuck Cancer’ အဖွဲ့ (အဲဒါ အဖွဲ့ရဲ့နာမည်အမှန်ပါ) ရဲ့ ရန်ပုံငွေရှာဖွေတဲ့ Campaign အတွက်ဖြစ်ပါတယ်။ Fundraising Platform တစ်ခုဖြစ်တဲ့ Omaze မှာတင်ထားတဲ့အဆိုပါ Campaign မှာ အလှူငွေထည့်ဝင်မယ်ဆိုရင် ဒီ ပန်းရောင် Deadpool ဝတ်စုံကို ကံစမ်းလို့ရမှာဖြစ်ပြီး Deadpool နဲ့သက်ဆိုင်တဲ့ အခြားစိတ်ဝင်စားဖွယ် အမှတ်တရပစ္စည်းတွေကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။
အဆိုပါဗီဒီယိုထဲမှာ Deadpool ကတော့ ထုံးစံအတိုင်း သူ့ရဲ့မထုံတက်သေးလေသံနဲ့ Campaign အကြောင်းကိုရှင်းပြထားတာကိုတွေ့ရမှာပါ။ ပြီးတော့ ဒီဝတ်စုံကို အသုံးပြုလို့ရမယ့် ဥပမာလေးတွေလည်းပေးထားပါသေးတယ်။ ကဲ.. မေလ ၁၈ ရက်နေ့ပြမယ့် ‘Deadpool 2’ မတိုင်မီ ဒီ Pink Deadpool လေးကို အမြည်းအနေနဲ့ကြည့်ထားပြီး ခွီလိုက်ကြပါဦး… 🤣
Ref: THR
Leave a Reply