လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကပြစ်မှုအတွက် ထောင်၅နှစ်ကျခံရတော့မယ့် Salman Khan

 

ဘောလိဝုဒ်ရဲ့ ဝင်ငွေအကောင်းဆုံးမင်းသားတစ်လက်ဖြစ်တဲ့ Salman Khan ကို ထောင်ဒဏ်ငါးနှစ်နဲ့ ဒဏ်ငွေ ရူပီး ၂၅၀၀၀ ($150 ခန့်) ကျခံဖို့ Jodhpur တရားရုံးချုပ်က မနေ့က စီရင်ချက်ချလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ် Rajasthan မှာ ရိုက်ကူးရေးလုပ်ခဲ့စဉ်က မျိုးမသုဉ်းရေးအတွက်ကာကွယ်ထားတဲ့ blackbuck လို့ခေါ်တဲ့ သမင်မျိုးနွယ်ဝင်တိရိစ္ဆာန် နှစ်ကောင်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ပြစ်မှုအတွက် စီရင်ချက်ချတာဖြစ်ပါတယ်။

Blackbuck

Salman Khan ဟာ ဘောလိဝုဒ်ရဲ့ လူဆိုးလေးလို့လဲ ကျော်ကြားခဲ့ပြီး ၂၀၀၂ ခုနှစ်တုန်းကလဲ အိမ်ယာမဲ့လူတွေကို ကားနဲ့တိုက်ပြေးခဲ့ဖူးတဲ့ ကိစ္စတွေလဲရှိခဲ့ပါတယ်။ အဲ့တုန်းက အရင်သေစာသောက်စားထားတဲ့ Salman Khan ဟာ လမ်းပေါ်မှာအိပ်နေတဲ့ အိမ်ယာမဲ့လူငါးယောက်ကို ကားနဲ့တိုက်ခဲ့ပြီး တစ်ယောက်သေဆုံးခဲ့ကာ ကျန်လေးယောက်ကတော့ ဒဏ်ရာတွေရခဲ့ပါတယ်။ Salman Khan ဟာကားမောင်းသူဟာ သူ့ driver ပါလို့ငြင်းဆန်ခဲ့ပေမယ့် တရားခံဟာ သူကိုယ်တိုင်ဖြစ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ဟိုလိုသည်လိုတွေဖြစ်ခဲ့ပြီး နောက် ခုနှစ်လအကြာမှာ အဲ့အမှုကနေ လွတ်ခဲ့ပါတယ်။

အခုချမှတ်ခံရတဲ့ ထောင်ဒဏ်ငါးနှစ်အတွက် Salman Khan အနေနဲ့ အမြင့်ဆုံးဂျူရီတွေနဲ့ဆက်ပြီးအတိုက်အခံလုပ်သွားနိုင်တယ်လို့သိရပါတယ်။ သူ့အနေနဲ့ ထောင်ထဲမှာ ရက်ပိုင်းလောက်ပဲနေရတာမျိုးလဲ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြသူတွေလဲရှိပါတယ်။ (အရင်ကဖြစ်ခဲ့ဖူးသလိုမျိုး မီဒီယာတွေကအစ သူ့ဖက်က cover လိုက်လုပ်ပေးနေခဲ့တယ်ဆိုရင်ပေါ့လေ။)

Salman Khan ရဲ့ အခုသတင်းဟာဆိုရင် hashtag #BlackBuckPoachingCase ဆိုပြီး India ရဲ့ Twitter မှာ first trending ဖြစ်နေရုံသာမက နိုင်ငံတကာမှာလဲ စိတ်ဝင်စားမှုမြင့်နေတဲ့ သတင်းတစ်ခုဖြစ်နေပါတယ်။

 “Salman Khan အတွက်စိတ်မကောင်းဖြစ်မနေကြပါနဲ့ သူလုပ်ခဲ့တာတွေအတွက်သူပြန်ခံရတာ”

“ဖြောင့်မှန်တဲ့ စီရင်ချက်ချပေးတဲ့ Jodhpur တရားရုံးကိုဂုဏ်ပြုပါတယ်”

“ဖြစ်ခဲ့တာတွေကကြာလှပြီး အခုမှစီရင်တာ ဘာသဘောလား?”

“Blackbuck တစ်ကောင်ရဲ့သက်တမ်းက ၁၀~၁၅ နှစ်။ စီရင်ချက်တစ်ခုအတွက်ကြာချိန်က အနှစ် ၂၀”

“Salman Khan အတွက် စိတ်မကောင်းပေမယ့် ဉပဒေအတိုင်းလိုက်နာရမယ့် ကိစ္စရပ်တွေကိုတော့ လက်ခံလိုက်နာရမှာပေါ့”

စတဲ့ ဝေဖန်ချက်တွေအမျိုးစုံကြားနေရပါတယ်။ Salman Khan ကိုယ်တိုင်ကတော့ အခုချိန်ထိ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြောဆိုထားခြင်းမရှိသေးပါဘူး။

အရင်လိုပဲ လက်မည်းကြီးတွေကြီးစိုးပြီး ဒဏ်ငွေလောက်နဲ့ပြီးသွားမလား တကယ်ပဲ ထောင်ဒဏ်ငါးနှစ်ကျခ့ရမလားဆိုတာကိုတော့ နောက်ဆုံးစီရင်ချက်ချတဲ့ချိန်မှာသိရမှာပါ။ အက်မင်ကတော့ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ မှန်ကန်တဲ့ တရားဉပဒေစိုးမိုးပါစေလို့ ဆုတောင်းနေမိပါတော့တယ်…

Leave a Reply

Your email address will not be published. Required fields are marked *