ဖုံးကွယ်ထားမှုကြီး နောက်ကွယ်က ကြောက်စရာကောင်းတဲ့ အမှန်တရား (သို့) Sathya

ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် Bollywood ဇာတ်ကားကောင်းတစ်ကားကို ရွေးချယ်ထားပါတယ်။ ဒီဇာတ်ကားက သည်းထိတ်ရ င်ဖို အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်သလို Bollywood ဇာတ်ကားဖြစ်လို့ ဇာတ်လမ်းကလည်း ပြောစရာမရှိအောင် ထူးခြားကောင်းမွန်ပါတယ်။ ဇာတ်ကားရဲ့ နာမည်ကတော့ Sathya ပဲဖြစ်ပါတယ်။

 

၂၀၁၇ခုနှစ် ဒီဇင်ဘာလထဲက ထွက်ရှိလာခဲ့တဲ့ Sathya ဇာတ်ကားဟာ Bollywood တမီးလ်ဇာတ်ကားတစ်ကားဖြစ်ပြီး Sibi Sathyaraj, Remya Nambeesan နဲ့ Varalaxmi Sarathkumar တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ Review Rating ပိုင်း သိပ်မဆိုးတာကြောင့် Bollywood ကားကို ကြိုက်သူတွေနဲ့ Action ဇာတ်ကားကောင်းကြိုက်သူတွေအတွက်တော့ အသင့်တော်ဆုံး ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

 

ဇာတ်လမ်းလေးကတော့ Sathya လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ရဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းအကြောင်း တင်ဆက်ထားတာဖြစ်ပါတယ်။ Sathya ဟာ ချစ်သူဟောင်း Shweta နဲ့ လက်ထပ်ဖို့အထိ ရည်ရွှယ်ခဲ့ဖူးပေမယ့်လည်း Shweta ရဲ့ ဖခင်က Sathya နဲ့ မပေးစားပဲ လုပ်ငန်းရှင်တစ်ဦးနဲ့သာ ပေးစားလိုက်ပါတယ်။ အဲ့ဒီနောက်မှာ Sathya က အိန္ဒိယနိုင်ငံကနေ ထွက်ခွာသွားခဲ့ပြီး သြစတြေးလျနိုင်ငံမှာ သွားရောက်နေထိုင်ပါတယ်။ တစ်နေ့မှာတော့ ချစ်သူဟောင်း Shweta ဆီကနေ Voice Massage တစ်ခုကို Sathya ရရှိလိုက်ပါတယ်။ ဒီ Massage ထဲမှာ Shweta က သူမရဲ့ ငါးနှစ်သမီးလေး ပျောက်ဆုံးနေတာကို ကူညီရှာဖွေပေးဖို့ အကူအညီတောင်းဆိုထားတာပဲဖြစ်ပါတယ်။ ဒီလိုအကူအညီ လာတောင်းခဲ့ပေမယ့်လို့ Shweta ရဲ့ ခင်ပွန်းသည်က Shweta ဆီမှာ ကလေးမရှိနေပဲ စိတ်ထဲမှာ ကလေးတစ်ယောက်ရှိနေတယ်လို့ သက်သက်ထင်မြင်နေပြီး စိတ်ကျန်းမာရေးထိခိုက်နေတာလို့ သတ်မှတ်ထားပါတယ်။ ရဲတွေကလည်း ဒီအမှုကို ဆက်လက်စုံစမ်းခြင်းမရှိပဲ အမှုကို ပိတ်သိမ်းထားပါတယ်။ ဒါကြောင့် Sathya ကပါ Shweta ကို သံသယတွေ ဝင်လာခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ Shweta က ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Sathya ဟာ Shweta ရဲ့ အကြောင်းတွေ သမီးပျောက်ကွယ်မှုနောက်က အမှန်တရားတွေကို လိုက်လံရှာဖွေတဲ့အခါမှာ မမျှော်လင့်တာတွေ ဖြစ်လာပုံကို သည်းထိတ်ရင်ဖိုဖွယ်ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်ခင်ဗျာ။

 

Leave a Reply

Your email address will not be published. Required fields are marked *