ဒုတိယမြောက်ရင်သွေးလေး ပိုင်ဆိုင်ရတော့မယ့် Ji Sung နဲ့ Lee Bo Young တို့စုံတွဲ

 

တောင်ကိုရီးယားရဲ့ အနုပညာလောကထဲကမှ နာမည်အကျော်ကြားဆုံး အနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ မင်းသား Ji Sung နဲ့ မင်းသမီး Lee Bo Young တို့ ဇနီးမောင်နှံနှစ်ဦးကတော့ မကြာခင်မှာပဲ သူတို့ရဲ့ ဒုတိယမြောက် ရင်သွေးလေးကို ပိုင်ဆိုင်သွားရတော့မှာဖြစ်တယ်လို့ ကြားသိထားရပါတယ်။

မင်္ဂလာလှရှိတဲ့ ဒီသတင်းအကြောင်းအရာနဲ့ပတ်သက်ပြီး မင်းသမီးချော Lee Bo Young ရဲ့ အေဂျင်စီက “Lee Bo Young က သူမရဲ့ ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ကနုသေးပါတယ်။ ကိုယ်ဝန်ဘယ်နှစ်လလောက် ရှိနေပြီလဲဆိုတာတော့ ကျွန်တော်တို့ဘက်ကနေ မသိရသေးပါဘူး။ သူမနေနဲ့ သူမရဲ့ကိုယ်ဝန်ကို ဂရုစိုက်ဖို့အတွက် နောက်ထပ် Project တွေကို လက်ခံတော့မှာ မဟုတ်ပါဘူး” လို့ ထုတ်ပြန်သွားခဲ့ပါတယ်။ အသက် ၄၁နှစ်အရွှယ်ရှိ ဝါရင့်မင်းသားချော Ji Sung နဲ့ အသက် ၃၉နှစ်အရွှယ်ရှိ မင်းသမီးချော Lee Bo Young တို့နှစ်ဦးဟာ ၂၀၀၄ခုနှစ်က ပြသသွားခဲ့တဲ့ အချစ်ဇာတ်လမ်းတွဲ Save the Last Dance မှာ စတင်ဆုံစည်းခဲ့ကြတာဖြစ်ပါတယ်။ ဇာတ်လမ်းတွဲအပြီး ၃နှစ်အကြာ ၂၀၀၇ခုနှစ်အရောက်မှာတော့ သူတို့နှစ်ယောက် အချင်းချင်းချစ်ကြိုက်နေပြီဖြစ်ကြောင်း အသိပေးကြေညာသွားခဲ့ပါတယ်။ ၂၀၁၃ခုနှစ် သြဂုတ်လမှာ စေ့စပ်ခဲ့ကြပြီးတော့ ၂၀၁၃ခုနှစ် စက်တင်ဘာလ ၂၇ရက်နေ့မှာ မင်္ဂလာဆောင်ဖြစ်ခဲ့ကြပါတယ်။ Ji Sung နဲ့ Lee Bo Young တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ ၂၀၁၅ခုနှစ် ဇွန်လမှာ ပထမဆုံးရင်သွေးလေးအဖြစ် သမီးလေး Kwak Ji Yoo ကို စတင်မွေးဖွားဖြစ်ခဲ့ပါတယ်။

#마더

A post shared by 지성 (@justin_jisung) on

#아는와이프

A post shared by 지성 (@justin_jisung) on

ကလေးနှစ်ယောက်မိခင် ဖြစ်လာတော့မယ့် Lee Bo Young ကတော့ မကြာသေးခင်ကမှ ပြသပြီးသွားခဲ့တဲ့ Mother ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူရဲ့ခင်ပွန်းဖြစ်သူ Ji Sung ကတော့ လက်ရှိမှာ ထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ Familiar Wife ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေလျက် ရှိပါတယ်ခင်ဗျာ။

 

Source >>> Soompi

Leave a Reply

Your email address will not be published. Required fields are marked *