တရုတ်နိုင်ငံမှာ ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ်ရပ်တည်နေတဲ့ Bollywood ရုပ်ရှင် Secret Superstar

Secret Superstar ဆိုတဲ့ Bollywood ရုပ်ရှင်ရဲ့ ဝင်ငွေကတော့ တရုတ်နိုင်ငံမှာ Star Wars: The Last Jedi ကိုတောင်ကျော်တက်သွားနိုင်ပြီး ၂၀၁၇ မှာပြသခဲ့တဲ့ Bollywood ဇာတ်ကားတွေထဲမှာ တစ်ကမ္ဘာလုံးအတိုင်းတာနဲ့ ဝင်ငွေအကောင်းဆုံးအဖြစ်ရပ်တည်နိုင်ခဲ့လို့ ကမ္ဘာမှာနာမည်ကြီးသွားတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ box-office က Secret Superstar ကို January 19 ရက်နေ့မှာ စတင်ရောင်းချခဲ့ပြီး $27 million အထက် ဝင်ငွေရရှိခဲ့ပါတယ်။ ဒုတိယအပတ်မှာတော့ $66 million အထက်ဝင်ငွေရရှိခဲ့လို့ လက်ရှိအချိန်ထိထိပ်တန်းနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့အကြောင်းကိုလည်း တရုတ် Box office ကထုတ်ပြန်ထားပါတယ်။

Secret Superstar ရုပ်ရှင်ကို နာမည်ကျော်သရုပ်ဆောင် Aamir Khan ကပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားရဲ့ ထုတ်လုပ်သူလည်း ဖြစ်ပါတယ်။ Indian musical drama ဇာတ်ကားအမျိုးစားဖြစ်ပြီး အိမ်တွင် မွတ်စလင်အမျိုးသမီးများ တန်းတူအခွင့်ရေးမရရှိဘဲ ဖိနှိပ်ချုပ်ချယ်ခံရတာတွေကို အဓိကထည့်သွင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Aamir Khan ၏ Dangal ရုပ်ရှင်ဇာတ်ကားဟာ တရုတ်နိုင်ငံမှာ ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့ပြီး Secret Superstar ကတော့ ဒုတိယဝင်ငွေအကောင်းဆုံးဖြစ်နေပါတယ်။ Secret Superstar Official Trailer ကို အောက်မှာဖော်ပြထားလို့ ကြည့်ရှု့ခံစားပေးရင်း…..

Leave a Reply

Your email address will not be published. Required fields are marked *