Sherlock Holmes အဖြစ် ပြန်လည်မြင်တွေ့ရဦးမယ့် Robert Downey Jr.

ဒီနှစ်တွေထဲမှာ Robert Downey Jr. ဟာ Iron Man အဖြစ် Marvel ရုပ်ရှင် Series တွေထဲမှာ အလုပ်ရှူပ်နေခဲ့ပါတယ်။ ဒါပေမယ့် Iron Man တစ်ဖြစ်လဲ Robert Downey ကို တစ်ချိန်ကအောင်မြင်ခဲ့တဲ့ ဇာတ်ကောင်ဂန္တဝင်စုံထောက်ကြီးရှားလော့ခ်ဟုမ်း အဖြစ်အနေနဲ့ပါ မကြာခင်မှာ တဖန်ပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ အခုချိန်ထိလည်း ဂန္တဝင်စုံထောက်ဝတ္ထုတွေအဖြစ်သတ်မှတ်ခံထားရတဲ့ စာရေးဆရာ Sir Arthur Conan Doyle ရဲ့ Sherlock Holmes ဝတ္ထုတွေကိုအခြေခံကာ မင်းသား Robert Downey Jr. ကို စုံထောက်ကြီး Sherlock Holmes အဖြစ်၊ မင်းသား Jude Law ကို Doctor Watson အဖြစ်သရုပ်ဆောင်စေပြီး ရုပ်ရှင်အဖြစ်ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။ ပထမဆုံးကား Sherlock Holmes 

ကိုတော့ ၂၀၀၉ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး ဒုတိယအဆက်ဖြစ်တဲ့ Sherlock Holmes: A Game of Shadows ကို ၂၀၁၁ ခုနှစ်မှာ ထုတ်လုပ်ပြသခဲ့ပါတယ်။

အဲ့ဒီနောက် ဒီနှစ်တွေထဲမှာ Sherlock Holmes ရုပ်ရှင်တွေထွက်ရှိလာခြင်းမရှိတော့ပဲ Robert Downey ဟာလည်း Iron Man အဖြစ်ပဲ ဆက်တိုက်လှုပ်ရှားနေခဲ့ပါတယ်။ ၂၀၁၀ ကနေစပြီး Sherlock Holmes TV Series ကို မင်းသား Benedict Cumberbath က စုံထောက်ကြီး Sherlock Holmes အဖြစ်သရုပ်ဆောင်ရိုက်ကူးကာ ပရိသတ်အကြိုက်တွေ့ခဲ့ပေမယ့် သူလည်းပဲ Doctor Strange အဖြစ် Marvel Universe ထဲကိုဝင်ရောက်သွားပြန်ပါတယ်။ ဒါကြောင့် အချို့က Sherlock Holmes မင်းသားတွေ Marvel ရဲ့ Super Hero တွေပဲဖြစ်သွားတယ်လို့ ဟာသအဖြစ်ပြောဆိုကြပါတယ်။

အခုတော့ စုံထောက်ဇာတ်လမ်းနှစ်သက်တဲ့ Sherlock Holmes ပရိသတ်တွေဝမ်းမြောက်ရတော့မှာပါ။ တတိယမြောက် Sherlock Holmes ကားကို Robert Downey နဲ့ပဲ ဆက်လက်ရိုက်ကူးသွားမယ်လို့ Warner Brothers ရုပ်ရှင်က တရားဝင်အတည်ပြုပြောကြားလိုက်ပြီဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ရုံတင်ပြသမယ်လို သတင်းထုတ်ပြန်ချက်မှာထည့်သွင်းထားပါတယ်။

ဒီလိုဆိုရင်တော့ ဒုတိယမြောက် Sherlock Holmes ကားနဲ့ ကိုးနှစ်တောင်ကွာဟနေပါတယ်။ ပါဝင်သရုပ်ဆောင်မယ့်သူတွေကတော့ အပြောင်းအလဲမရှိပါဘူးလို့ တရားဝင်ပြောကြားခဲ့ပြီး ဒါရိုက်တာအမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့တာကြောင့် ယခင်ကားတွေရဲ့ ဒါရိုက်တာဖြစ်သူ Guy Ritche က တတိယမြောက် Sherlock Holmes ကားကိုရိုက်ကူးခွင့်ရှိမရှိမသိရသေးပါဘူး။

အခုလို တရားဝင်ထုတ်ပြန်လိုက်တာကြောင့် Sherlock Holmes ပရိသတ်တွေအတွက် သတင်းကောင်းဖြစ်ပြီး ယခင်ကားတွေ အောင်မြင်မှုရရှိသလို အခုထွက်ရှိလာမယ့် Sherlock Holmes 3 ကိုလည်း ပရိသတ်တွေ စောင့်မျှော်ရကျိုးနပ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *