Shinkai Makoto ရဲ့ ‘Your Name’ ပရိသတ်တွေအတွက် Challenge

ဒီနှစ်ပိုင်းတွေထဲမှာထွက်ရှိခဲ့တဲ့ Anime film တွေထဲက နာမည်အကြီးဆုံး၊ အအောင်မြင်ဆုံး၊ ဝင်ငွေအရရှိခဲ့ဆုံးရုပ်ရှင်ဖြစ်တဲ့ ‘Your Name’ (Kimi no Na wa) ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့တုန်းက ပထမဆုံးအကြိမ် TV channel တွေမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ထုတ်လွှင့်ပြသတဲ့အစီအစဉ်မတိုင်မှီမှာ ‘Your Name’ ရဲ့ဒါရိုက်တာ Shinkai Makoto က ပရိသတ်တွေကို challenge တစ်ခုမှာပါဝင်ဖို့ သူ့ရဲ့ twitter စာမျက်နှာကနေ ဖိတ်ခေါ်ခဲ့ပါတယ်။ Challenge လေးကတော့ သူ့ရဲ့အခြား Anime film တစ်ခုဖြစ်တဲ့ ‘The Garden of Words’ (Kotonoha no Niwa) ထဲက အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ Akizuki Takao ကို ‘Your Name’ ဇာတ်ကားထဲမှာရှာဖွေခိုင်းတာဖြစ်ပါတယ်။ Takao ရဲ့ cameo က စက္ကန့်ပိုင်းလေးပဲကြာမြင့်တာမို့ ဒီ challenge က တော်တော်ခက်ခဲတဲ့အတွက် ပေါ့ပေါ့ပါးပါး အပျော်သဘောနဲ့သာရှာဖွေကြည့်ကြဖို့နဲ့ ထုတ်လွှင့်တာပြီးသွားရင် အဖြေကိုသူကိုယ်တိုင်ပြောပြမယ်လို့ Shinkai Makoto က အဆိုပါ tweet ထဲမှာဖော်ပြထားခဲ့ပါတယ်။

ကဲ.. မိတ်ဆွေတို့လဲ ‘Your Name’ ကို လွယ်လင့်တကူကြည့်ဖို့အဆင်ပြေတယ်ဆိုရင် ဒီ challenge လေးမှာပါဝင်ကြည့်လိုက်ပါလား။ အစအဆုံးပြန်မကြည့်နိုင်ရင်တောင် ကိုယ်ကြည့်ခဲ့တုန်းက မြင်များမြင်မိလိုက်သလားလို့ ပြန်စဉ်းစားကြည့်ပေ့ါ။ Shinkai Makoto ပေးခဲ့တဲ့အဖြေမှန်ကို အောက်မှာဖော်ပြပေးထားပါတယ်။

အဖြေမှန်လေးကတော့ အောက်မှာဖော်ပြထားတဲ့အတိုင်းပါပဲ။

Ref: Anime News Network
Cover Image: Kiminona

Leave a Reply

Your email address will not be published. Required fields are marked *