Drama ကားကြီးတွေကနေ ၂ နှစ်ကြာအနားယူနေတဲ့ So Ji Sub တစ်ယောက်ကို ဖန်သားပြင်ပေါ်မှာ ပြန်မြင်ရတော့မည်

သရုပ်ဆောင် မင်းသားချောကြီး So Ji Sub က အသစ်ထုတ်လွှင့်မယ့် Drama Series မှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ Ajussi ရဲ့ Agency ကနေ အတည်ပြုခဲ့ပါတယ်။

 

So Ji Sub ရဲ့ Agency ကနေပြီး MBC မှထုတ်လွှင့့်ပြသမဲ့ Drama Series အသစ်ဖြစ်တဲ့ ‘Terius Behind Me‘ မှာဇာတ်ဆောင်မင်းသားအဖြစ်နဲ့ ပါဝင်သရုပ်ဆောင်မှာပါဆိုပြီး ကြေညာခဲ့ပါတယ်။ Agency ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “So Ji Sub က MBC ကနေ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ ထုတ်လွှင့်ပြသမယ့် Drama အသစ်ကို ရိုက်ကူးဖို့လက်ခံထားပါတယ်၊ ဒါပေမယ့်အခုထိတော့ Schedule တွေနဲ့ပတ်သက်ပြီး ဘာမှ တိတိကျကျမဆုံးဖြတ်ရသေးပါဘူး” လို့ပြောပြခဲ့ပါတယ်။

 

Terius Behind Me‘ ဇာတ်ကားကိုရိုက်ကူးမယ့် ဒါရိုက်တာကတော့ Park Sang Hoon ပဲဖြစ်ပါတယ်။ Park Sang Hoon ဟာ အရမ်းကိုအောင်မြင်ခဲ့တဲ့ ‘To The Beautiful You‘ နဲ့ ‘Jang Bori Is Here‘ Drama ဇာတ်ကားတွေကိုရိုက်ကူးခဲ့သူဖြစ်ပါတယ်။ဇာတ်ညွှန်းရေးဆရာကတော့ MBC ကနေထုတ်လွှင့်ပြသခဲ့တဲ့ ‘Shopping King Louie‘ ဇာတ်ညွှန်းကိုရေးသားပေးခဲ့တဲ့ Oh Ji Young ပါတဲ့ရှင်။ ‘Shopping King Louie‘ ဇာတ်ကားလေးဟာ ခုချိန်ထိ အမှတ်ရနေသေးတဲ့ ဇာတ်လမ်းလေးတစ်ခုဆိုလည်းမမှားပါဘူး။ အရမ်းကို Romantic ဆန်ပြီး ဗဟုသုတရတဲ့ Drama လေးပါ။

 

အခု ‘Terius Behind Me‘ ဆိုတဲ့ ဇာတ်ကားလေးကလည်း ရသမျိုးစုံပေးနိုင်မယ့်ဇာတ်ကားလေးတစ်ကားအဖြစ် ပရိတ်သတ်ကြီးရှေ့ကို ရောက်လာတော့မှာပါ။ မင်းသားချော So Ji Sub ကလည်း ကာရိုက်တာမျိုးစုံကို ကျွမ်းကျင်ပိုင်နိုင်တဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဆိုတော့ Ajussi တွေကိုမှကြွေနေကြတဲ့ နှုတ်ခမ်းနီမလေးတွေအတွက်ကတော့ ရင်ခုန်စရာဇာတ်ကားလေးဖြစ်လာမှာပါ။

 

So Ji Sub က ၂၀၁၇ မှာ ထွက်ရှိခဲ့တဲ့ ‘Battleship Island‘ ဆိုတဲ့ Action ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကားကလည်း အရမ်းကိုမိုက်တဲ့ ဇာတ်ကားတစ်ကားပါ။ Song Joon Ki Oppa လည်းပါတော့ ရုပ်ရှင်ကားကောင်းတစ်ကားလို့ပြောဖို့တောင်မလိုလောက်အောင်ကိုကောင်းတဲ့ Action Movie လေးပါ။

 

So Ji Sub က ‘I’m On My Way To Meet You‘ ဆိုတဲ့ ရုပ်ရှင်ကားကြီးတစ်ခုရိုက်ကူးဖို့ရှိတယ်လို့လည်းဆိုပါတယ်။ Ajussi ကတော့ အရွယ်နဲ့မလိုက်အောင်ကို နုပျိုချောမောနေရုံတင်မဟုတ်ပဲ တက်သစ်စမင်းသားတွေနဲ့ တန်းတူသရုပ်ဆောင်နိုင်တဲ့အရည်အချင်းတွေပါပြည့်ဝနေတာ… 😍။ ကဲ… Ajussi တွေကိုမှ အသည်းစွဲဖြစ်နေကြတဲ့ မိန်းမပျိုလေးတို့ရေ.. ၂၀၁၈ ကြီးမှာ ရင်တွေခုန်ရင်း So Ji Sub ရဲ့ Drama နဲ့ Film လေးကိုစောင့်မျှော်ပေးပါဦး…။

 

A post shared by So Ji Sub (@sojisubofficial) on

A post shared by So Ji Sub (@sojisubofficial) on

 

Ref: Soompi

Leave a Reply

Your email address will not be published. Required fields are marked *