2018 MAMA ပွဲရဲ့ အစီအစဉ်တင်ဆက်သူအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ Song Joong Ki

ကိုရီးယားမင်းသားချောလေး Song Joong Ki ကတော့ မကြာခင်မှာ ကျင်းပပြုလုပ်သွားတော့မယ့် အာရှတိုက်ရဲ့ အကြီးမားဆုံး တေးဂီတပွဲတော်ကြီး Mnet Asian Music Awards 2018 ရဲ့ နောက်ဆုံးအပိတ်ပွဲတော်မှာ အစီအစဉ်တင်ဆက်သူအဖြစ် ရွေးချယ်သတ်မှတ်ခံလိုက်ရပြီဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့တစ်ပတ်တုန်းကတော့ Something in the Rain ဇာတ်လမ်းတွဲရဲ့ မင်းသားချောလေး Jung Hae In က တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ့် 2018 MAMA အဖွင့်ပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူသွားမှာဖြစ်ကြောင်းနဲ့ လက်ရှိမှ စတင်ပြသနေတဲ့ Encounter ဇာတ်လမ်းတွဲရဲ့မင်းသားချော Park Bo Gum ကတော့ ဂျပန်နိုင်ငံမှာ MAMA Fans’ Choice မှာ Host အဖြစ် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။

 

မင်းသားချော Song Joong Ki ကတော့ ဟောင်ကောင်မှာပြုလုပ်သွားမယ့် MAMA ပွဲရဲ့ Host အဖြစ် တာဝန်ပေးခံလိုက်ရတာဖြစ်ပါတယ်။ Song Joong Ki ဟာ ယခင် MAMA ပွဲတွေမှာလည်း ပါဝင်တင်ဆက်ခဲ့ဖူးပြီး ၂၀၁၂ခုနှစ်နဲ့ ၂၀၁၇ခုနှစ်တွေမှာလည်း Host အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။

 

၂၀၁၈ခုနှစ်ရဲ့ MAMA ပွဲတော်ကြီးရဲ့ အဖွင့်ပွဲကို တောင်ကိုရီးယားနိုင်ငံအတွင်း ဒီဇင်ဘာ ၁၀ရက်နေ့မှာ ပြုလုပ်မှာဖြစ်သလို MAMA Fans’ Choice ပွဲကိုတော့ ဂျပန်နိုင်ငံအတွင်း ဒီဇင်ဘာ ၁၂ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ပွဲဖြစ်တဲ့ ဟောင်ကောင်က MAMA ပွဲကိုတော့ ဒီဇင်ဘာ ၁၄ရက်နေ့မှာ ကျင်းပပါလိမ့်မယ်။

 

ဒီပွဲမှာ Host အဖြစ် တင်ဆက်သွားမယ့် Song Joong Ki ကတော့ ဇနီးချော Song Hye Kyo နဲ့ လက်ထပ်ပြီးနောက်ပိုင်းကတည်းက အနုပညာလှုပ်ရှားမှုတွေ နည်းပါးလာခဲ့ပေမယ့်လည်း ၂၀၁၉ခုနှစ်ထဲမှာ ပြသသွားတော့မယ့် အမိုက်စား ကိုရီးယားဇာတ်လမ်းတွဲသစ် Asadal Chronicles မှာတော့ Jang Dong Gun , Kim Ji Won , Kim Ok Vin တို့နဲ့အတူ ပါဝင်သရုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *