Rocky ကားထဲက လိပ်ကလေးနှစ်ကောင်နဲ့ နှစ်ပေါင်းလေးဆယ်ကျော်မှ ပြန်လည်ဆုံတွေ့ခဲ့တဲ့ မင်းသားကြီး Stallone

လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ကျော် 1976 ကထွက်ရှိခဲ့တဲ့ Original Rocky ဇာတ်ကားထဲမှ ဇာတ်ဝင်ခန်းတစ်ခုမှာ ပါဝင်ခဲ့တဲ့ လိပ်ပေါက်လေးနှစ်ကောင်ကို ဇာတ်ကားကြည့်ရှူ့ဖူးသူပရိသတ်တွေ မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲ့ဒီဇာတ်လမ်းထဲမှာ Rocky ရဲ့ကောင်မလေးကို သူ့ရဲ့အချစ်တော်လိပ်ပေါက်ကလေးနှစ်ကောင်နဲ့ မိတ်ဆက်ပေးတဲ့ ဇာတ်ဝင်ခန်းထဲမှာ Cuff နဲ့ Link ဆိုတဲ့ လိပ်ကလေးနှစ်ကောင်ပါဝင်ခဲ့တာပါ။

အံ့အားသင့်စရာကောင်းတာက ဒီလောက်နှစ်တွေအများကြီးကြာတာတောင် ဒီလိပ်ကလေး နှစ်ကောင်ဟာ အသက်ရှင်နေဆဲဖြစ်ပါတယ်(အခုတော့လိပ်ကြီးတွေပေါ့)။ သူတို့ကို Rocky ရုပ်ရှင်ကားတွေရဲ့

အဆက် နောက်ထွက်ရှိလာမယ့် Creed 2 ဆိုတဲ့ရုပ်ရှင်ထဲမှာ ပြန်လည်ထည့်သွင်းရိုက်ကူးသွားမယ်လို့လဲ သိရပါတယ်။ Stallone ကတော့ သူငယ်နုစဉ်ကဆုံခဲ့ရတဲ့ လိပ်ကလေးတွေနဲ့ ပြန်လည်ဆုံတွေ့ရလို့ ပျော်နေပုံပါပဲ။

အခုလိုမျိုး လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်က လိပ်နှစ်ကောင်ကိုပါ တကူးတကထည့်ရိုက်သည်အထိ အသေးစိတ်ဂရုစိုက်တတ်တာကြောင့် သူတို့တွေရဲ့ကြိုးစားအားထုတ်မှုကတော့ ချီးကျူးစရာပါပဲ။ ဒါကြောင့်မို့ မင်းသားကြီးရဲ့ အက်ရှင်တွေနဲ့ တကျော့ပြန်သရုပ်ဆောင် လိပ်ကလေးတွေရဲ့ပါဝင်မှုကို စောင့်မျှော်အားပေးလိုက်ကြပါဦးစို့နော်။ လိပ်ကလေးတွေနဲ့ အမှတ်တရဓါတ်ပုံရိုက်ခဲ့တဲ့ ပုံကိုတော့ Instagram မှာ ဒီလိုတင်ခဲ့ပါသေးတယ်။

သေဆုံးပြီလို့ မကြာခဏကောလဟာလတွေထွက်ရှိခဲ့တဲ့ မင်းသားကြီး Stallone ဟာ လက်ရှိအချိန်ထိအနုပညာအလုပ်တွေကိုလုပ်ကိုင်နေဆဲဖြစ်ပါတယ်။ ဒီနှစ်ထဲမှာတော့ သူအောင်မြင်ခဲ့တဲ့ Rambo နဲ့ Rocky ကားတွေရဲ့ အဆက် ရုပ်ရှင်တွေကို ရိုက်ကူးပြသဖို့ စီစဉ်နေတာကြောင့် သူပရိသတ်တွေဝမ်းသာရတော့မှာပါ။ 

 

 

Leave a Reply

Your email address will not be published. Required fields are marked *