သေပြီဆိုတဲ့ သတင်းကို ဖြေရှင်းလိုက်တဲ့ ကမ္ဘာကျော်မင်းသားကြီး Sylvester Stallone

အသက် (၇၁) နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကမ္ဘာကျော်မင်းသားကြီး Sylvester Stallone ကတော့ မကြာခင်ရက်ပိုင်းက ထွက်ရှိခဲ့တဲ့ ကောလဟလ သတင်းတချို့ကို သူ့ရဲ့ official Instagram ကနေ ဖြေရှင်းလိုက်ပါတယ်။ Social media တစ်ခုဖြစ်တဲ့ Facebook စာမျက်နှာထက်မှာ facebook အသုံးပြုသူလူတစ်ဦးဖြန့်လိုက်တဲ့ သတင်းတစ်ခုက ကမ္ဘာအရပ်ရပ်ကို ပျံ့နှံ့သွားခဲ့ပြီး

ဒီသတင်းကို စိတ်ပူသူတွေရှိနေခဲ့သလို မယုံတဲ့သူ အများအပြားလည်း ရှိနေခဲ့ပါတယ်။ ဒီသတင်းဟာ Sylvester Stallone ပါဝင်ရိုက်ကူးထားတဲ့ Creed II ရုပ်ရှင်ကို မိတ်ဆက်ပေးလိုက်တဲ့နေ့နဲ့ ရှေ့စဉ်နောက်စဉ် ထွက်ပေါ်လာတဲ့သတင်းတစ်ခုလည်း ဖြစ်ပါတယ်။

Please ignore this stupidity… Alive and well and happy and healthy… Still punching!

A post shared by Sly Stallone (@officialslystallone) on

ကောလဟလသတင်းကို Social media မှာ Stallone ရဲ့ပုံတချို့နဲ့ “Sylvester Garden Stallone died early this morning after his battle with prostate cancer, the actor kept his illness a secret, button the end he couldn’t beat it.” ဆိုတဲ့ caption နဲ့ တွဲပြီး တင်ထားတာပါ။ Stallone ဘက်ကနေ မဟုတ်မမှန် သတင်းဖြန့်ထားသူရဲ့ post ကို screenshot ယူပြီး သူ့ရဲ့ official Instagram မှာ “Please ignore this stupidity… Alive and well and happy and healthy… Still punching!” ဆိုတဲ့ caption နဲ့ပြန်လည်ဖြေရှင်းထားတာကို တွေ့ရပြီး မိသားစုနဲ့ ပျော်ရွှင်စွာအတူရှိနေတဲ့ short video လေးကိုပါ တနေ့တည်း တင်ထားတာကို တွေ့ရှိရပါတယ်။

ဒီသတင်းဟာ ကမ္ဘာအရပ်ရပ်မှာရှိတဲ့  Stallone ပရိသတ်တွေဆီကို တော်တော်လေးရိုက်ခက်သွားခဲ့တာကြောင့် Stallone ဘက်လည်း အခုလိုဖြေရှင်းလိုက်တယ်လို့ ထင်မိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *