မြေးလေးတွေကို အရမ်းချစ်တဲ့ ဖိုးဖိုးကြီးရဲ့ ကြေကွဲစရာဇာတ်လမ်း Stand By Me

ဒီတစ်ခါမှာတော့ ဒရာမာဇာတ်ကားကောင်းကြိုက်သူတွေအတွက် မျက်ရည်တွေဒလဟော ကျဆင်းစေနိုင်မယ့် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။ ဒီဇာတ်ကားကို မကြည့်ခင်မှာ မျက်ရည်သုတ်ဖို့ တစ်ရှုးလေးတွေတော့ ဆောင်ထားသင့်တယ်နော်။ မိသားစုဒရာမာကားဖြစ်လို့ မျက်ရည်မခိုင်သူတွေဆို တော်တော်လေးကို ငိုရမယ့်ကားဗျ။ ဇာတ်ကားနာမည်ကတော့ Stand by Me ပဲဖြစ်ပါတယ်။

 

ဒီဇာတ်ကားလေးကတော့ တောင်ကိုရီးယားရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဒီနှစ်ဧပြီလမှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ တကယ့်ဖြစ်ရပ်မှန်ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပါ။ ဝါရင့်သရုပ်ဆောင်ကြီး Soon Jae Lee နဲ့ ကလေးသရုပ်ဆောင် Ji Hoon Jung တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားတာဖြစ်ပါတယ်။

 

အထက်ပါဖော်ပြခဲ့တာကြည့်ပြီး ဒီဇာတ်ကားကို စိတ်ပျက်စရာကောင်းတယ်လို့တော့ မထင်မှတ်စေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Review Rating 7.3 အထိတောင် ရရှိထားတာဖြစ်လို့ ရုပ်ရှင်ချစ်သူတွေ မဖြစ်မနေကို ကြည့်ထားသင့်ပါတယ်။ အသက်ခုနှစ်ဆယ်အရွယ် အဖိုးအိုကြီးနဲ့ မြေလေးနှစ်ယောက်တို့ကြားက ၅၂၈ မေတ္တာတရားအကြောင်းကို ကြေကွဲဖွယ် တင်ဆက်ပေးထားတာဖြစ်ပါတယ်။

 

မိဘမေတ္တာ ငတ်မွတ်နေကြတဲ့ မြေးလေးနှစ်ယောက်ကို အသက်အရွယ်နဲ့မလိုက်အောင် ရှာဖွေကျွေးနေတဲ့ အဖိုးအိုကြီးတစ်ဦးအဖြစ် ဝါရင့်သရုပ်ဆောင်ကြီး Soon Jae Lee က အကောင်းဆုံး သရုပ်ဆောင်ပေးထားပါတယ်။ Soon Jae Lee ကိုတော့ ကိုရီးယားကြည့်ဖူးသူတိုင်း သိကြမှာပါ။ ဇာတ်ကားတော်တော်များများမှာ အဖိုးနေရာကနေ မကြာခဏ ပါဝင်သရုပ်ဆောင်ဖူးသူပါ။ ဒီဇာတ်ကားမှာလည်း အဆုတ်ကင်ဆာဖြစ်နေလို့ လူ့လောကမှာ ဆက်နေဖို့ အချိန်မရှိတော့ပေမယ့် သူရဲ့ မြေးတွေရဲ့ အနာဂတ်ကောင်းစားဖို့အတွက် ပင်ပင်ပန်းပန်းနဲ့ ကြိုးစားပုံကို ကြေကွဲဝမ်းနည်းဖွယ်ကောင်းအောင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်ခင်ဗျာ။

Reviews

, ,

No Comments

Leave a Reply

Your email address will not be published. Required fields are marked *