ပထမရက်သတ္တပတ်မှာ ဝင်ငွေ $536 million ရရှိခဲ့တဲ့ Star Wars: The Last Jedi

Disney ကတော့ ၂၀၁၈ ကို ပိုက်ဆံတွေထိုင်ရေပြီး ကြိုဆိုတော့မှာပဲဖြစ်ပါတယ်။ သူ့ရဲ့နောက်ဆုံးရုံတင်နေတဲ့ဇာတ်ကားဖြစ်တဲ့ Star Wars: The Last Jedi ဟာ စတင်ရုံတင်ပြီး ပထမရက်သတ္တပတ်အတွင်းမှာပဲ $536 million ရရှိသွားပါတယ်။ ဒါပေမယ့် ဒီပမာဏဟာ သူ့အရှေ့ကဇာတ်ကားဖြစ်တဲ့ Star Wars: The Force Awakens ကိုမှီဖို့နည်းနည်းလိုနေခဲ့ပါတယ်။ ဘယ်လိုပဲပြောပြော Star Wars: The Last Jedi ဟာ မျှော်မှန်းထားတဲ့အတိုင်း Box Office မှာအောင်မြင်နေပါတယ်။ ရုံတင်တဲ့ကာလပြီးဆုံးသွားချိန်မှာ The Force Awakens ရရှိခဲ့တဲ့ $2.068 billion ကိုကျော်သွားနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Star Wars: The Last Jedi ဟာ 2015 ခုနှစ်ကစတင်ခဲ့တဲ့ Disney ရဲ့ Star Wars Sequel Trilogy ထဲက ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး Star Wars ဇာတ်လမ်းတွဲတွေထဲမှာတော့ ၈ ခုမြောက်ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Rian Johnson ရဲ့လက်ရာဖြစ်တဲ့ဒီဇာတ်ကားဟာ ပြောချင်စရာလေးတွေဟိုနားဒီနားရှိပေမယ့် critic တွေရော သာမန်ရုပ်ရှင်ကြည့်ပရိသတ်အများစုကပါနှစ်သက်ကြပြီး လှိုက်လှိုက်လှဲလှဲချီးကျူးခြင်းကို ခံနေရပါတယ်။ Star Wars: The Last Jedi က လက်ရှိအချိန်မှာရုံတင်နေဆဲဖြစ်တာမို့ ပိတ်ကားကျယ်ပေါ်မှာခံစားဖို့အချိန်မှီပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *