Dune အသစ် ရဲ့ Villian အနေနဲ့မြင်တွေ့ရမယ့် Stellan Skarsgard

စာရေးဆရာ Frank Herbert ရဲ့နာမည်ကြီး sci-fi ဇာတ်လမ်းဖြစ်တဲ့ Dune ကိုဇာတ်လမ်းအဖြစ်ပြန်အသက်သွင်းဖို့ကြိုးစားနေတဲ့ ဒါရိုက်တာ Denis Villeneuve ဟာ ဇာတ်ကားရဲ့အဓိက villian Baron Harkonnen နေရာမှာသရုပ်ဆောင်ဖို့ မင်းသားကြီး Stallan Skarsgard ကိုရွေးချယ်လိုက်ပါတယ်။
ဇာတ်လမ်းကတော့ ကျဆုံးစပြုလာပြီဖြစ်တဲ့ တော်ဝင် Atreides မိသားစုကြီးဟာ ရှားပါးဆေးဖက်ဝင်အပင်တွေရှိရာ Arrakis ဂြိုလ်ကိုကာကွယ်ဖို့ အပြင်းအထန်ကြိုးစားနေခဲ့ရပါတယ်။ ဒီအချိန်မှာပဲသူတို့တွေသစ္စာဖောက်ခံလိုက်ရပြီး သားကြီး Paul ကလွဲရင် တစ်မိသားစုလုံးလုပ်ကြံခံလိုက်ရပါတယ်။ Paul တစ်ယောက်ကန္တာရထဲကိုထွက်ပြေးပုန်းရှောင်ခဲ့ရာက အဲ့ဒီကနယ်ခံတွေနဲ့ပူးပေါင်းမိပြီး မကြာခင်ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ Baron Harkonnen ရဲ့မိသားစုကတော့ အရင်က Arrakis ကိုအုပ်စိုးခဲ့တဲ့သူတွေဖြစ်ပြီး အုပ်ချုပ်သူအသစ်ကိုဖြုတ်ချဖို့ကြိုးစားရင်း Paul နဲ့ထိပ်တိုက်တွေ့ရမယ့်အခြေအနေမျိုးဖြစ်လာမှာဖြစ်ပါတယ်။
ဒီဇာတ်ကားမှာတော့ Paul အနေနဲ့ Timothee Chalamet ကသရုပ်ဆောင်မှာဖြစ်ပြီး Paul ရဲ့အမေ အဖြစ် Rebecca Ferguson ကပါဝင်ထားပါတယ်။ ဒါ့အပြင် Dave Bautista ကလည်း Baron ရဲ့တူ Glossou “Beast” Rabban အဖြစ်ပါဝင်အားဖြည့်ပေးထားပါတယ်။ Dune ရဲ့ဇာတ်ညွှန်းကို ဒါရိုက်တာ Villeneuve, Eric Roth နဲ့ Jon Spaihts တို့ကပူးပေါင်းဖန်တီးထားပြီး ဒီနှစ်ထဲမှာစတင်ရိုက်ကူးမယ်လို့သိရပါတယ်။
ဒီဇာတ်လမ်းကိုတော့ ၁၉၈၄ ခုနှစ်မှာ ရုပ်ရှင်အဖြစ်အသက်သွင်းခဲ့ဖူးပြီး Kyle MacLachlan, Patrick Stewart စတဲ့မင်းသားကြီးတွေလည်းပါဝင်ခဲ့ပါတယ်။ သို့ပေမယ့် rating ရော အမြတ်ရော ထင်သလောက်မရခဲ့တာမို့ ယခုထပ်မံရိုက်ကူးမယ့်ဇာတ်ကားကရော အဆင်ပြေပါ့မလားဆိုတာစောင့်ကြည့်ရမှာဖြစ်သလို ဒီကားအောင်မြင်သွားရင်ရော ကျန်တဲ့ sequel တွေ prequel တွေဆက်ရိုက်ပြီး Dune Franchaise ကြီးပြန်လည်ဦးမော့လာစေမလားဆိုတာကလည်း ပရိသတ်တွေစောင့်ကြည့်ရမယ့်အချက်တစ်ချက်ဖြစ်လာပါတယ်။
Source- https://stg.empireonline.com
Leave a Reply