Stephen Hawking ရဲ့ ဘဝဇာတ်ကြောင်း အပြည့်အစုံကိုမှ စိတ်ဝင်စားရင်

သိပ္ပံရှင်တွေကြားမှာ အောင်မြင်ကျော်ကြားပြီး လေးစားခံရတဲ့ သိပ္ပံပညာရှင်ကြီး Stephen Hawking ဆိုသူရဲ့  Biography ကို ရိုက်ကူးထားသော The Theory of Everything လို့အမည်ရတဲ့ ဇာတ်ကားတစ်ကားကို ဖော်ပြပေးပါရစေ။ Hawking ကိုတော့ တော်တော်များများရင်းနီးကြလိမ့်မယ်လို့ ထင်ပါတယ်။ Hawking ဟာ Motor Neuron Disease ဆိုတဲ့ရောဂါကြောင့် တစ်ကိုယ်လုံးလှုပ်ရှားမရတဲ့ ရောဂါဆိုးကြီးကို ခံစားခဲ့ရသူပါ။ နှစ်အနည်းငယ်သာ အသက်ရှင်နိုင်မယ်လို့ ဆရာဝန်တွေက မှတ်ချက်ပေးခဲ့ပေမယ့်လည်း မသန်းစွမ်းဘဝနဲ့ လူ့ဘဝကို အရှုံးမပေးဘဲ ၇၆ နှစ်တောင် ရပ်တည်နိုင်ခဲ့ပြီး ကမ္ဘာကြီးကို တဖက်တလမ်းကနေ ကယ်တင်ခဲ့တဲ့ သူဆိုလည်း ဟုတ်ပါတယ်။ အိုင်းစတိုင်းတို့ နယူတန်တို့ဆိုတာ  လူသားတော်တော်များများ စာအုပ်တွေထဲမှာသာ ရင်းနီးခဲ့ကြရပါတယ်။ ယခုလက်တွေ့မှာတော့ Hawking ဟာ စင်္ကြဝဠာကြီးရဲ့ စိတ်ဝင်စားစရာအကြောင်းအရာများကို သီအိုရီပေါင်းများစွာ ထုတ်ပေးနိုင်ခဲ့ပြီး သိပ္ပံလောကရဲ့ လေးစားအားကျအတုယူရတဲ့ မသန်းစွမ်းရူပဗေဒပညာရှင် တစ်ဦးဘဲ ဖြစ်ပါတယ်။

 

ဒီဇာတ်ကားမှာတော့ Hawking တစ်ယောက်သာမာန်လူတွေကို နေနိုင်သွားနိုင်၊ လူပျိုဘဝရောက်တော့လည်း ချစ်ရသူနဲ့ ဆုံစည်းခဲ့ပြီး အိမ်ထောင်ရပ်သားကျကာ သားသမီးတွေလည်း ထွန်းကားခဲ့ပါသေးတယ်။ များမကြာမီအချိန်မှာ Motor Neuron Disease ဆိုတဲ့ရောဂါဆိုးကြီးဝင်ရောက်လာခဲ့ပြီး ဝှီးချဲပေါ်မှာဘဲ မသန်မစွမ်းအဖြစ်နဲ့ ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းခဲ့ရတဲ့ ရူပဗေဒပညာရှင်တဦးအဖြစ် ရပ်တည်ခဲ့ရပါတယ်။ Hawking အနေနဲ့ ဒီလိုရောဂါဆိုးကြီးကို ကြုံတွေ့ခဲ့ရပေမယ့်လည်း ဘဝအတွက် အဖိုးမဖြတ်နိုင်တဲ့ သားသမီးတွေနဲ့ ပျော်ပျော်ပါးပါးနေထိုင်ခဲ့ပုံတွေ, နောက်တစ်ခုကတော့ Hawking တစ်ယောက် မသန်းစွမ်းဖြစ်နေတာတောင် ဘဝကို အရှုံးမပေးဘဲ လူအများရဲ့ မရှိမဖြစ်လူတစ်ဦးအဖြစ် ကြိုးစားနိုင်ခဲ့ပုံတွေကို ဘယ်နည်းဘယ်ပုံဖြတ်သန်းခဲ့ရတယ်ဆိုတာ အားလုံးကို မြင်တွေ့ရအုံးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးအတွက် Stephen Hawking အဖြစ်သရုပ်ဆောင်ခဲ့သူကတော့ Eddie Redmayne ဖြစ်ပြီး Oscar, Golden Globe, Screen Actors Guild, BAFTA တို့မှာတောင် Best Actor ဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Hawking ရဲ့ ဇနီးဟောင်းအဖြစ် သရုပ်ဆောင်ခဲ့သူကတော့ Felicity Jones ဖြစ်ပါတယ်။

 

ကဲ ဒီလောက်ဆို ဇာတ်ကားက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ လူတိုင်းကို စိတ်ဓာတ်ခွန်းအားပေးတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တာကြောင့် လူကြီး လူငယ်မရွေးကြည့်သင့် ဇာတ်ကားတစ်ကားကို ဖော်ပြပေးလိုက်ပါတယ်နော်။

( ၂၀၁၈ ခုနှစ် March လ ၁၄ ရက်နေ့ အသက် ၇၆ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်)

Leave a Reply

Your email address will not be published. Required fields are marked *