Season 15 ဆက်လက်ထွက်ရှိဦးမယ်ဆိုတာ အတည်ပြုလိုက်တဲ့ Supernatural

Supernatural စီးရီးရဲ့ Season 15 က ဆက်လက်ရိုက်ကူးဖို့သေချာသွားပါပြီ။ The CW channel က ဇန်နဝါရီလအစောပိုင်းထဲမှာ ဆက်လက်ရိုက်ကူးသွားမယ့်အကြောင်းကို အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။  Supernatural စီးရီးရဲ့ ဇာတ်အိမ်တွေ ပြီးတော့ ဇာတ်လမ်းထဲမှာ ယူသုံးထားတဲ့ သဘာဝလွန်အကြောင်းအရာတွေက နယ်ပယ်စုံလို့ သဘောကျတယ်ဆိုပေမယ့်လည်း Dean နဲ့ Sam နဲ့ က ဘယ်တော့မှ အသက်မကြီးတော့ဘူးလားဆိုတာကို သံသယဝင်မိပါတယ်။

 

The CW က အတည်ပြုပြီးတဲ့ အချိန်မှာ Misha တစ်ယောက်ကလည်း ထပ်မံ အတည်ပြုပေးခဲ့ပါသေးတယ်။ Supernatural Season 15 ရိုက်ကွင်းမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးတစ်ခုကို Twitter ပေါ်မှာတင်ပေးခဲ့တာပါ။

 

 

ဒီစီးရီးမှာဆိုရင်တော့ မင်းသား Jensen Ackles, Jared Padalecki တို့က အဓိက သရုပ်ဆောင်တွေအဖြစ်ပါဝင်သရုပ်ဆောင်ထားတာပါ။ နောက်ပိုင်းမှာတော့ Misha Collins နဲ့ Mark Sheppard တို့ပါ ပါဝင်လာခဲ့ပါတယ်။ ဒီ Supernatural  Series ကိုတော့ ပထမဦးဆုံးအနေနဲ့ The WB က ပြသခဲ့တာ ဖြစ်ပြီးတော့ 2006 ကနေ အခုအထိ တောက်လျောက် The CW ကပဲ ပြသလာခဲ့တာ ဖြစ်ပါတယ်။ Supernatural Series ဟာဆိုရင် Season 11 ကို ရောက်ရှိချိန်မှာတော့ အရှည်ဆုံး Live-action Fantasy TV Series အနေနဲ့ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

 

 

ဘယ်အချိန်ရုပ်သံမှာ ထုတ်လွှင့်မလဲဆိုတာကိုတော့ အတိအကျမသိရသေးပေမယ့် အောက်တိုဘာလထဲမှာ ထုတ်လွှင့်ဖြစ်မယ်ဆိုပြီးတော့ ကောလဟာလတွေက ထွက်ရှိနေပါတယ်။ ထုတ်လွှင့်မယ့်အစီအစဉ်မှာ အပိုင်းပေါင်း ဘယ်လောက်ပါဝင်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။ အခုချိန်ထိ ထုတ်လွှင့်ခဲ့သမျှဆိုရင်တော့ Supernatural စီးရီးဟာ အပိုင်း ၃၀၀ ကို ကျော်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *