Suzy နဲ့ Lee Min Ho တို့တိတ်တခိုး dating လုပ်နေကြပြန်ပြီ

လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ် နိုဝင်ဘာလမှာ Suzy နဲ့ Lee Min Ho တို့ ၂ဦးရဲ့ ၃နှစ်ကျော်သက်တမ်းရှိတဲ့ ချစ်သူဘဝကိုစွန့်လွှတ်ပြီး လမ်းခွဲခဲ့ကြတယ်လို့ သတင်းတွေကြီးခဲ့ဖူးပြီး သူတို့၂ဦးကိုယ်တိုင်ကလည်း သတင်းဟာမှန်ကန်ကြောင်းဖြေဆိုထားကြပါတယ်ရှင့်။ အဲ့ဒီအချိန်က သူတို့၂ဦးရဲ့ Fan တွေဟာ အလွန်ကိုမှ နှမြောတသဖြစ်ခဲ့ပြီး သူတို့၂ယောက်ကို လမ်းမခွဲစေချင်ခဲ့ကြပါဘူး…

 

ဒါပေမယ့် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာတော့ တောင်ကိုရီးယား သတင်း website တစ်ခုဖြစ်တဲ့ News1 ကနေပြီးတော့ Bae Suzy နဲ့ Lee Min Ho တို့ နှစ်ဦးတိတ်တဆိတ်ပြန်လည် Date နေကြပြီလို့ပြောဆိုခဲ့ပါတယ်ရှင့်။ ခုလိုပြောဆိုမှုအပေါ်မှာ သူတို့၂ဦးရဲ့အတွင်းလူတွေထဲကနေပြီး “Lee Min Ho နဲ့ Bae Suzy တို့ ၂ ဦးဟာ မကြာသေးခင်အချိန်က တိတ်တဆိတ်တွေ့ဆုံခဲ့ကြတယ်” လို့ ပြောဆိုလာပါတယ်။

 

ဒါပေမယ့်လို့ Min Ho ရဲ့ agency ဖြစ်တဲ့ MYM Entertainment ကတော့ “သူတို့၂ယောက်ပြန်လည်ပြီးတွေ့ဆုံကြတယ်ဆိုတာမဟုတ်ပါဘူး အခုထွက်ရှိနေတဲ့ Dating Rumor ကလုံးဝမမှန်ပါဘူး” ဆိုပြီးဖြေကြားထားတာတွေ့ရပါတယ်။ JYP Entertainment ကလည်း သူတို့သေချာစစ်ဆေးစုံစမ်းကြည့်ခဲ့ပါတယ် Suzy နဲ့ Lee Min Ho တို့ ၂ ဦး ဟာအခုထွက်ရှိနေတဲ့ ကောလဟာလလို ဆက်ဆံရေးမျိုးမဟုတ်ပါဘူး” လို့ အသေအချာဖြေထားပါတယ်ရှင့်။ Fan တွေကတော့ Suzy နဲ့ Lee Min Ho ကိုသဘောတူထားကြပြီး Dating Again ဆိုတဲ့ Rumor ကို အပြည့်အဝမှန်ကန်တဲ့သတင်းတစ်ခုဖြစ်လာစေချင်နေကြပါတယ်။ ကဲ… Fan လေးတွေ ဆုတောင်းထားတဲ့အတိုင်းဖြစ်လာပါစေကွယ်။

 

Ref: Allkpop

Leave a Reply

Your email address will not be published. Required fields are marked *