သင့်ကို ကြက်သီးတဖြန်းဖြန်း ထသွားစေမယ့် တစ္တေပါလာပြီ

ပိတ်ရက်မှာ ကြည့်လို့ကောင်းမယ့် ဇာတ်ကားတွေ ဇာတ်လမ်းတွဲတွေကို မိတ်ဆက်ပေးခဲ့ပြီးပြီဆိုတော့ ဒီတစ်ခေါက်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးဘက်ကို လှည့်သွားချင်ပါတယ်ဗျ။ သီတင်းကျွတ်ပိတ်ရက်မှာ လည်ရင်းပတ်ရင်း စျေးဝယ်ထွက်ရင်းနဲ့ ကိုယ်ရဲ့ မိသားစု ဘော်ဒါတွေ ဒါမှမဟုတ် ချစ်သူနဲ့ ရုပ်ရှင်ဝင်ကြည့်မယ်ဆိုရင် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးသွားချင်ပါတယ်။ ဒီဇာတ်ကားရဲ့ နာမည်ကတော့ ကြောက်စရာကြီးဗျာ။ တစ္တေပါလာပြီတဲ့ဗျာ။

 

မြန်မာ Horror ဇာတ်ကားမို့လို့ ပေါကားဆိုပြီး အထင်မသေးလိုက်ပါနဲ့။ တစ္တေပါလာပြီဇာတ်ကားကို မလေး-အိန္ဒိယလူမျိုး ရုပ်ရှင်ဒါရိုက်တာ R.Peraks က တာဝန်ယူရိုက်ကူးပေးထားတာဖြစ်ပြီးတော့ ဇာတ်ညွှန်းရေးသူနဲ့ တွဲဖက်ဒါရိုက်တာတို့အဖြစ်လည်း R.Peraks ရဲ့ အဖွဲ့ထဲကလူတွေကပဲ တာဝန်ယူထားကြတာပါ။ ဒါကြောင့် တခြားသော မြန်မာသရဲကားတွေထက် ဇာတ်လမ်းပိုင်းနဲ့ တင်ဆက်ပြသမှုအပိုင်းတွေမှာ ကွဲပြားခြားနားနေမှာလည်း သေချာပါတယ်။

 

သရုပ်ဆောင်တွေအဖြစ်တော့ ပြေတီဦး အိချောပို ညီထွဋ်ခေါင် ခင်လှိုင်နဲ့ အောင်ဇော်မင်းတို့က အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ထားကြပါတယ်။ ကျွန်တော်တို့တွေရဲ့ လောကကြီးထဲမှာ သရဲတစ္တေ တကယ်ရှိမရှိဆိုတာကို လူတိုင်းအငြင်းပွားလေ့ရှိတာ ဒီနေ့ဒီအချိန်အထိပါပဲ။ ဒါပေမယ့် မရှိဘူးလို့ မှတ်ယူထားမယ်ဆိုရင်တောင် ပရလောကသားတွေကို စိန်ခေါ်တာတို့ နောက်ပြောင်ကျီစယ်သလို မလုပ်သင့်ပါဘူး။ ဒီလို အမှုမဲ့အမှတ်မဲ့ လုပ်တာတွေကနေ ကြောက်စရာကောင်းတာတွေ ဖြစ်ပေါ်လာတတ်ပုံအကြောင်းကို ဇာတ်လမ်းဆင်ထားတဲ့ ရုပ်ရှင်ကားပါ။

 

ဒီလို ကြောက်မက်စရာကောင်းတဲ့ တစ္တေပါလာပြီ ဇာတ်ကားကြီးကို လာမယ့်အောက်တိုဘာ ၁၉ရက်နေ့ကနေစတင်ပြီးတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ တပြိုင်နက်တည်း ရုံတင်ပြသွားတော့မှာဖြစ်ကြောင်း အားလုံးကိုသတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

 

Leave a Reply

Your email address will not be published. Required fields are marked *