မြန်မာနိုင်ငံကို လာရောက်မယ့် ထိုင်းမင်းသားချော Puttichai

နောက်ပိုင်း K-Drama တွေသာမက ထိုင်း Drama တွေဟာလည်း မြန်မာနိုင်ငံရဲ့ Drama Fan တွေကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ Drama Fan တွေကြားမှာ လူကြိုက်များ ရေးပန်းစားခဲ့တဲ့ Drama ထဲမှာ “ပန်းလက်စွပ်” ဇာတ်ကားကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

 

ကဲ အဲ့ဒီတော့ “ပန်းလက်စွပ်” လို့ဆိုလိုက်တာနဲ့ ဘာကို အရင်ဆုံးပြေးမြင်မိကြလဲ ? ? Admin ကတော့ FB ပေါ်မှာ ပလူပျံခဲ့တဲ့ V day မှာ မင်းသမီး တစ်ယောက်ထဲ Shopping ထွက်တဲ့ အခန်းလေးကို ပြေးမြင်မိပါတယ်။ ?

 

Drama Fan တွေအတွက်ကတော့ Puttichai Kasetsin ရဲ့ Drama တွေ တော်တော်များများ ကြည့်ဖူးကြမယ်ထင်လို့ ထူးထွေပြီး မိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဖူး။

 

မြန်မာ Drama Fan တွေကြားမှာတော့ Puttichai Kasetsin ကို P’Push အဖြစ် လူအသိများကြပါတယ်။ Puttichai ကို ‘Ugly Duckling’ ဆိုတဲ့ ဇာတ်ကားလေးနဲ့ မြန်မာ Drama ပရိသတ်တွေ သတိထားမိခဲ့ကြတာဖြစ်ပြီး “ပန်းလက်စွပ်” ဇာတ်ကားမှာတော့ မြန်မာ Fan တွေ ရဲ့ အားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။

 

အခု P’Push က မန္တလေးမှာ ပြုလုပ်ကျင်းပမယ့် Beauty Blogger တွေ အဆိုတော်တွေနဲ့ အခြားအနုပညာရှင်တွေပါဝင်ကြမယ့် Sola Cosmetic Myanmar ရဲ့ Promotion ပွဲကို တတ်ရောက်မှာဖြစ်ပါတယ်။ Sola Cosmetic Myanmar က Special Guest အနေနဲ့အပြင် Fan Meeting လေးပါ စီစဉ်ပေးထားသေးပါတယ်တဲ့။

 

ကဲ ပိတ်ရက်လေးနဲ့လဲ ကြုံနေတာဆိုတော့ မန္တလေးကိုသွားလည်ရင်း P’Push လေးနဲ့ တွေ့နိုင်မယ့်အခွင့်အရေးကို လက်လွတ်မခံကြပါနဲ့ ပျိုမေတို့.. ?

 

Leave a Reply

Your email address will not be published. Required fields are marked *