ကြည့်ရင်းနဲ့ ကျောချမ်းပြီး စိတ်ခြောက်ခြားစရာတွေကို ပေးမဲ့ The Autopsy of Jane Doe

Jane Doe ဆိုတဲ့ နာမည်ကို သဘာဝလွန်နယ်ပယ်အကြောင်းတွေ စိတ်ဝင်စားတဲ့သူတော်တော်များများ သိကြမှာပါ။ ဟုတ်ပါတယ်….. အခုပြောပြပေးသွားမယ့်ကားကတော့ Conjuring တို့လို ရုပ်ဆိုးပြီးကြောက်စရာကောင်းတဲ့ သရဲရုပ်တွေလည်း မပါဝင်ပါဘူး။ ဒါပေမယ့် Conjuring ရုပ်ရှင်ကားထက်ကို ပိုကြောက်ဖို့ကောင်းပါတယ်။

 

Tommy နဲ့ Austin သားအဖ နှစ်ယောက်ဟာ အလောင်းတွေကို ခွဲစိတ်ရတဲ့ အလုပ်ကို လုပ်ပါတယ်။ သူတို့သားအဖက ဒီနယ်ပယ်မှာ လုပ်နေတာ ကြာပြီဖြစ်တဲ့အတွက် နယ်ခံရဲတွေကလည်း ယုံကြည်ကြပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ လူသတ်မှုတစ်ခုကနေ Jane Doe ရဲ့ အလောင်းကို ခွဲစိတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ခွဲစိတ်လိုက်လေ သူတို့ သားအဖအတွက် အသက်အန္တရာယ်က များလာလေလေ ဆိုတာကိုတော့ Tommy ရော Austin ရော နှစ်ယောက်စလုံး မသိခဲ့ကြပါဘူး။

 

ပြီးတော့လည်း Jane Doe ရဲ့ အလောင်းက သွေးရိုးသားရိုးသေဆုံးတာ မဟုတ်တဲ့အတွက် သူတို့ သားအဖနှစ်ယောက်အတွက်လည်း အရမ်းကို အလုပ်ရှုပ်လာရပါတယ်။ ခွဲစိတ်ရင်း ထူးဆန်းလာတဲ့ Jane Doe ရဲ့ အလောင်းကလည်း တဖြည်းဖြည်း ကြောက်ဖို့ကောင်းလာပါတယ်။ နောက်ဆုံးတော့ သူတို့ သားအဖ နှစ်ယောက်ရဲ့ ဇာတ်လမ်းက ဘယ်လိုဖြစ်မလဲဆိုတာက တကယ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။

 

Thriller ကားကောင်းကောင်းလေးကို ကြည့်ချင်တယ့်ဆိုတဲ့ သူတွေအတွက်တော့ ဒီ Jane Doe ကားလေးက အဆင်ပြေမှာပါ။ ဆုတွေကလည်း 7 ခု ရရှိထားပြီးတော့ Nominations 11 ခု ဝင်ထားပါသေးတယ်။ IMDb Rating 6.8/10 ရရှိထားပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *